ရန်ကုန်မြို့အတွင်း စိတ်ကြွ မူးယစ်ဆေးပြားများ စံချိန်တင် တွေ့ရှိမှုများနှင့် ဆက်စပ်၍ ကျူးလွန်သူ ၁၄ ဦးအား စစ်ဆေးနေပြီး တရားစွဲဆိုရန် ရှေ့နေချုပ်ရုံးသို့ ဥပဒေ အကြံဉာဏ် တောင်းထား

ရန်ကုန်မြို့အတွင်း စိတ်ကြွ မူးယစ်ဆေးပြားများ စံချိန်တင် တွေ့ရှိမှုများနှင့် ဆက်စပ်၍ ကျူးလွန်သူ ၁၄ ဦးအား စစ်ဆေးနေပြီး တရားစွဲဆိုရန် ရှေ့နေချုပ်ရုံးသို့ ဥပဒေ အကြံဉာဏ် တောင်းထား
Published 7 December 2015
အောင်မျိုးသန့်

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များတွင် စံချိန်တင် စိတ်ကြွ မှုးယစ်ဆေးပြားများ တွေ့ရှိမှုများနှင့် ဆက်စပ်၍ ကျူးလွန်သူ ၁၄ ဦးအား ဖမ်းဆီး စစ်ဆေးနေပြီး တရားစွဲဆိုရန် နေပြည်တော် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို ဥပဒေ အကြံဉာဏ် တောင်းခံထားကြောင်း  ရန်ကုန်တိုင်း ဒေသကြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ အဆင့်မြင့် ရဲအရာရှိကြီးတစ်ဦးက ဒီဇင်ဘာ ၇ ရက်က ပြောကြားခဲ့သည်။
“စံချိန်တင် မူးယစ်ဆေးဝါးများ တွေ့ရှိမှု ဖြစ်စဉ်များနဲ့ ပတ်သက်ပြီးတော့ ကျူးလွန်သူ ၁၄ ဦးကို ဖမ်းဆီး စစ်ဆေးနေတယ်။ ဒါနဲ့ပတ်သက်ပြီး တရားစွဲဆိုနိုင်ရန် မှုခင်းရဲတပ်ဖွဲ့က နေတစ်ဆင့် ရှေ့နေချုပ်ရုံးသို့  ဥပဒေ အကြံပေး တောင်းခံထားပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ အဆင့်မြင့် ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ စံချိန်တင် မူးယစ်ဆေးပြားများ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်များနှင့် ဆက်စပ်၍ ကျူးလွန်သူ၁၄ ဦးမှာ Kaladan Delta Development ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ မင်းဦးခိုင်နှင့် ဇော်ဇော်မင်း အပါအဝင် သန်းရွှေ၊ ညွန့်ဝင်း၊ ထွန်းကျော်ဇံ (ခ) မိုးဇံ၊ သိန်းထွန်းအေး၊ အောင်တင်ဝင်း၊ ထွန်းမင်း၊ ထွန်းဇော်ဌေး (ခ) ကျော်ဌေး၊  ရန်ရှောက်ဟွာ၊ ရန်ယုံချင်း၊ ရန်ယို့ဟွေတို့ ဖြစ်ကြောင်း သိရှိရသည်။    
စံချိန်တင် မူးယစ်ဆေးပြားများ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်တွင် ပါဝင် ပတ်သက်သည်ဟု ဆိုသည့် Kaladan Delta Development ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ မင်းဦးခိုင် ဆိုသူအား စက်တင်ဘာ ၁၅ ရက်က မြဝတီမြို့နယ်၌ ဖမ်းဆီးရမိခဲ့သည့်နောက်ပိုင်း ၎င်းအား စစ်ဆေး ပေါ်ပေါက်ချက်အရ စက်တင်ဘာ ၂၁ ရက်တွင် ဒဂုံမြို့သစ်အရှေ့ပိုင်း၊ တက္ကသိုလ်ရိပ်မွန် အိမ်ရာအတွင်းရှိ နေအိမ်တစ်အိမ်မှ ကျပ် ၁၀ ဘီလျံခန့် တန်ဖိုးရှိ မူးယစ်ဆေးပြား နှစ်သန်းခန့်အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ ထိုဖြစ်စဉ်နှင့် ဆက်စပ်၍ စက်တင်ဘာ ၂၆ ရက်တွင်လည်း ယင်းအိမ်ရာ၌ ကျပ် ၁၉ ဘီလျံကျော် တန်ဖိုးရှိ မူးယစ်ဆေးပြားများ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အပြင် ယခုနှစ် ဇူလိုင်လအတွင်း ရန်ကုန်တိုင်း ဒေသကြီး  မင်္ဂလာဒုံမြို့နယ်၌ ရပ်ထားသော ကွန်တိန်နာယာဉ် တစ်စီးပေါ်မှ ကျပ် ၁၃၃ ဘီလျံကျော် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြား ၂၆၇ သိန်းအား စံချိန်တင် ဖမ်းဆီး ရမိခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ဆက်စပ်၍ သြဂုတ် လတွင် မြောက်ဒဂုံမြို့နယ်၌ ွျှ့ ပန်းရောင် မူးယစ်ဆေးပြား ၁၅သိန်းခန့်အားလည်း ကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။
]]စံချိန်တင်စိတ်

Most Read

Most Recent