ခဲအိုဖြစ်သူမှ အသက် (၁၂) နှစ်အရွယ် မိန်းကလေးငယ်အား သားမယား ပြုကျင့်မှု ဒလမြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။ဖြစ်စဉ်မှာ ဒလမြို့နယ်၊ (၁၁/ ၁၄) ရပ်ကွက်တွင် နေထိုင်သည့် မ... (၁၂ ) နှစ်သည် လွန်ခဲ့သည့် တစ်နှစ်ခန့်က အစ်မဖြစ်သူ၏ နေအိမ်တွင် သွားရောက် နေထိုင်ခဲ့ကြောင်း၊ ထိုသို့ သွားရောက် နေထိုင်စဉ်တွင် ခဲအိုဖြစ်သူကို... ၃၁ နှစ်မှ သားမယားပြုကျင့်ခဲ့ကြောင်း သိရသည်။ထို့နောက် မ.... (၁၂ ) နှစ်နှင့် အစ်မဖြစ်သူတို့ မိသားစုမှာ ဖခင်၏ နေအိမ်သို့ ဒီဇင်ဘာ ၁ ရက်တွင် ပြန်လည် ပြောင်းရွှေ့ နေထိုင်ခဲ့ကြောင်း သိရသည်။မ.... (၁၂) နှစ်မှာ အစ်မဖြစ်သူ၏ နေအိမ်တွင် သွားရောက် နေထိုင်စဉ်က ခဲအိုမှ သားမယား ပြုကျင့်ခဲ့သဖြင့် ကိုယ်ဝန် ခုနစ်လ ရရှိခဲ့ကြောင်း၊ လွန်ခဲ့သည့် နှစ်လခန့်က ကိုယ်ဝန် ပျက်ကျခဲ့ကြောင်း သိရသည်။ထို့ကြောင့် ဖခင်ဖြစ်သူမှ သမီးအား မေးမြန်းရာတွင် ၎င်းအား ခဲအိုဖြစ်သူမှ သားမယား ပြုကျင့်ခဲ့သည်မှာ မှန်ကန်ကြောင်း ပြောကြားခဲ့သဖြင့် ဖခင်ဖြစ်သူမှာ ဒလမြို့မ ရဲစခန်းသို့ တရားလို ပြုလုပ်ကာ သွားရောက် တိုင်ကြားခဲ့ကြောင်း၊ ယင်းသို့ လာရောက် တိုင်တန်းသဖြင့် ဒလမြို့မ ရဲစခန်း မှ (ပ) ၅၂၈/၂၀၁၅၊ ပြစ်မှု ပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။