မော်လမြိုင်မြို့တွင် အသက် သုံနှစ်နှင့် ရှစ်လသာ ရှိသေးသည့် မိန်းကလေးငယ်ကို အသက် ၇၀ အရွယ် အမျိုးသားကြီး တစ်ဦးက အဓမ္မ ပြုကျင့်ခဲ့သည်ဟုဆိုကာ တရားစွဲဆိုထားမှုတွင် အဆိုပါ အမျိုးသားအား ဆေးထောက်ခံစာဖြင့် အာမခံပေးထားပြီး ၁၅ ကြိမ်မြောက် ရုံးချိန်းအထိ စွဲချက် မတင်နိုင်သေးကြောင်း မိန်းကလေးငယ်၏ အုပ်ထိန်းသူများက ပြောကြားသည်။အဆိုပါ မိန်းကလေးငယ်၏ အဒေါ်ဖြစ်သူ ဒေါ်မြစန်းက ပြောကြားရာတွင် “အခု တရားစွဲထားတဲ့ ဦးမျိုးမြင့်က ဒုတိယမိန်းမနဲ့ RTC အရှေ့လမ်း၊ စမ်းကြီးလမ်းရပ် ဈေးကြိုရပ်ကွက်၊ မော်လမြိုင်မှာ နေပါတယ်။ ကလေးရဲ့ အဖေနဲ့ အမေက ဇုတ်သုတ်ရွာမှာ တူမလေးကိုမွေးပြီး မြဝတီ ဖလူးရွာမှာ အလုပ်သွားလုပ်မယ်ဆိုပြီး ကလေးကို အဖွားဆီမှာ ထားခဲ့ပါတယ်။ အဖွားက ပဲပြုတ်ရောင်းတဲ့အချိန်မှာ အိမ်နီးချင်းဖြစ်တဲ့ ဦးမျိုးမြင့်ဆီမှာ အပ်တယ်၊ အလည်လည်း သွားပါတယ်။ ဒီနှစ် သင်္ကြန်မကျခင် ကလေးက သူဖင်ကို ဘဘက တုတ်နဲ့ထိုးလို့ စပ်တယ်ပြောပြီး ငိုပါတယ်။ ဒါမျိုးလည်း မကြုံဘူးတော့ ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေတယ်။ သူ့အမေက ဖလူးက ပြန်လာပြီး ကလေးကို ခေါ်သွားပါတယ်။ ကလေးကလည်း သူဖင်စပ်တာ၊ နာတာကို အမေကို ပြောပြတော့ အဖေနဲ့ အမေက တိုင်ပင်ပြီး ငွေကလည်း မရှိတော့ လိုက်လုပ်ပေးမယ့် မိခင်ကလေး အဖွဲ့က ကိုဝင်စိုးတို့ကို ပြောပြပါတယ်။ သူတို့အဖွဲ့ဥက္ကဌ ဒေါ်ခင်သန်းထွေးက မေးမြန်းပြီး မော်လမြိုင် အမ်စီရုံးမှာ အမှုအပ်ပေးပါတယ်” ဟု ပြောပါသည်။ယခု ဖြစ်စဉ်အား လိုက်လံ ကူညီပေးနေသည့် မွန်ပြည်နယ်လုံးဆိုင်ရာ အမျိုးသမီးများနှင့် ကလေးသူငယ်များ စွမ်းရည်မြင့်တင်ရေး ရှေ့ဆောင်အသင်း(MWCUC)မှ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးဝင်းစိုးက “ကျွန်တော်တို့ဆီကို လာတိုင်တော့ ကလေးနဲ့ သက်သေတွေကို စစ်ဆေးတယ်၊ မော်လမြိုင်မှာ အခမဲ့ ရှေ့နေလိုက်ပေးတဲ့ Justice Center ကိုသွားပြီး အကြံတောင်းပါတယ်။ နောက် မုပွန်ရဲစခန်းကို သွားအမှုဖွင့်ပါတယ်၊ ရဲစခန်းမှာလည်း အစစ်ခံရပါတယ်။ ရဲစခန်းက အမှုကို ပုဒ်မ-၃၇၆/၅၁၁ နဲ့ တရားရုံးကို ဇူလိုင် ၁၆ ရက်မှာ တင်ပေးပါတယ်။ မော်လမြိုင် တရားရုံးက ပြစ်မှုကြီးအမှတ်-၃၁၄၇/ပုဒ်မ-၃၇၆/၅၁၁နဲ့ လက်ခံခဲ့ပါတယ်” ဟုပြောကြားသည်။မိန်းကလေးငယ်၏ အဖိုးဖြစ်သူ ဦးငွေဘော်က “ဇူလိုင် ၁၆ က မစစ်ဖြစ်ဘူး။ ဇူလိုင် ၂၇ ရက်ကလည်း မစစ်ဖြစ်ဘူး။ ဇူလိုင် ၂၉ ရက်မှာ သက်သေတွေ တစ်ယောက်မှ မစစ်ရသေးဘဲ ဦးမျိုးမြင့်ကို အာမခံပေးလိုက်တယ်။ သြဂုတ် ၆ ရက်မှာလည်း မစစ်ဖြစ်ပါဘူး။ သြဂုတ် ၁၃ ရက်မှာ ကျွန်တော် အစစ်ခံရပါတယ်။ ၃၁ ရက်မှာ အမေကို စစ်ဆေးပါတယ်။ စက်တင်ဘာ ၁ ရက်မှာတော့ ကလေးကို စစ်ပါတယ်။ ၂၂ ရက်မှာတော့ အဒေါ်ဖြစ်သူ ဒေါ်မြစန်းကို စစ်ဆေးတယ်။ အောက်တိုဘာ ၅ မှာတော့ တရားသူကြီး မရှိလို့ အစစ်မခံရဘူး။ အဲဒီလ ၁၅ ရက်ကလည်း မစစ်ဆေးဖြစ်ဘူး။ အောက်တိုဘာ ၂၂ ရက်မှာ သက်သေ ဒေါ်ထွေးကြည်ကို စစ်ဆေးတယ်။ ၂၉ ရက်မှာ မှုခင်း ဆရာဝန်ကို စစ်ဆေးပါတယ်။ နိုဝင်ဘာ ၉၊ ၁၉ နဲ့ ဒီဇင်ဘာ ၃ ရက်မှာ မစစ်ဖြစ်ပါဘူး။ ဦးမျိုးမြင့်ဟာ RTC မှာ ဆီဘောက်ဆာမောင်းပြီး ရထားတဲ့ငွေနဲ့ သုဝဏ္ဏနဲ့ စမ်းကြီး (၂) ရပ်ကွက်မှာ ငွေတိုးချပါတယ်။ ၁၀ သိန်းအောက်ဆို အတိုး (၂၀ိ/)၊ ဆယ်သိန်း အထက်ဆို အတိုး(၁၅ိ/)နဲ့ ချေးစားပါတယ်၊ ကျွန်တော်က အိမ်နားနီးနေတယ်ဆိုတော့ သူဆိုင်ကယ်စီးတာ။ အိမ်မှာ ကျွဲကောပင်ပြုပြင်တာ၊ လမ်းလျှောက်တာ မြင်တွေ့နေရပါတယ်။ အဲဒီလိုလူကို မကျန်းမာဘူးလို့ အာမခံပေးလိုက်တာ ဘယ်လိုလည်း စိတ်ထဲမှာ သံသယ ဖြစ်မိပါတယ်။ ဒီနေ့ အပါအဝင် ရုံးချိန်းကတော့ (၁၅)ချိန်း ရှိပါပြီ၊ ခုချိန်ထိ စွဲချက်တင်ဖို့ အမိန့်မချသေးဘူး ဒီအမှုကို အမြန်ဆုံး၊ အမှန်ဆုံး စစ်ဆေးပေးပါ” ဟု ပြောကြားသည်။
မော်လမြိုင်မြို့၌ အသက် သုံးနှစ်နှင့် ရှစ်လသာရှိသည့် မိန်းကလေးငယ်ကို အသက် ၇၀ အရွယ် အမျိုးသားကြီးက အဓမ္မ ပြုကျင့်ခဲ့သည်ဟုဆိုကာ တရားစွဲဆိုထားမှုတွင် အဆိုပါ အမျိုးသားအား ဆေးထောက်ခံစာဖြင့် အာမခံ ပေးထားကာ ၁၅ ကြိမ်မြောက် ရုံးချိန်းအထိ စွဲချက် မတင်နိုင်သေး