တရားရုံး ရမန်ယူရန် ရုံးထုတ်ထွက်လာစဉ် အမှုစစ်ရဲအရာရှိနှင့် ဇနီးကို ခေါ်ဆောင်ကာ သက်သေခံကားဖြင့် ထွက်ပြေးခဲ့သော သာစည်မြို့မရဲစခန်းမှ အမှုဖွင့်ထားသည့် မူးယစ် အချုပ်သားနှစ်ဦးကို တရားခံပြေးပုဒ်မ ၂၂၄ ဖြင့် တရားစွဲဆိုကာ မိတ္ထီလာခရိုင် တရားရုံးက နိုဝင်ဘာ ၂၃ ရက်တွင် အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
“မူးယစ်အချုပ်သား နှစ်ဦးကိုတော့ တရားခံပြေး ပုဒ်မနဲ့ စွဲဆိုတာကို ချက်ချင်းပဲ တရားသူကြီးက အမိန့်ချလိုက်ပါတယ်။ မူးယစ်ဆေးဝါးအမှုနဲ့ စွဲဆိုထားတာတွေကလည်း ပြစ်ဒဏ် အများကြီး ကျနိုင်တော့ ထွက်ပြေးဖို့ ထပ်ကြိုးစားနိုင်တယ်။ ပြစ်ဒဏ်ကျသွားပြီဖြစ်လို့ အရင်မူးယစ်ဆေးဝါး အမှုအတွက် ရုံးထုတ် တဲ့အခါ သံခြေကျင်းခတ်ပြီး ထွက်ရတာဖြစ်လို့ နည်းနည်း စိတ်ချရတာပေါ့။ သူတို့ကိုလာကူတဲ့ တစ်ယောက်ကိုလည်း တရားစွဲဆိုထားပါ တယ်။ နောက်ပြီး တရားခံတွေ ထွက်ပြေးခဲ့တဲ့ ဖြစ်စဉ်မှာ ပေါ့လျော့ခဲ့တဲ့ ရဲအုပ်ကိုတော့ အဖွဲ့အစည်းပေါင်းစုံ စုံခုံဖွဲ့ စစ်ဆေးနေပါတယ်”ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။
နိုဝင်ဘာ ၁၉ ရက်က သာစည်မြို့နယ် မြို့မရဲစခန်းမှ မယ (ပ) ၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ များဖြင့် စွဲဆိုထားသော တရားခံနှစ်ဦးဖြစ်သည့် စိုင်းပန် (၂၄ နှစ်) နှင့် ထွန်းဝင်း (၃၂ နှစ်) တို့၏ အမှုအတွက် ချုပ်ရက် ရမန်ပြည့်၍ တရားစွဲဆိုနိုင်ရန် သက်သေခံကားကို မိတ္ထီလာခရိုင် တရားရုံးသို့ မောင်းနှင်သွားခဲ့ကြောင်း၊ ခရိုင်တရားရုံးမှ ဥပေဒအကြံပြုချက် မရရှိသေးသဖြင့် အဆိုပါတရားခံများကို ကျန်ရှိနေသော ချုပ်ရက်နှစ်ရက် ထပ်မံရယူနိုင်ရန် မိတ္ထီလာ အကျဉ်းထောင်မှ ထုတ်၍ လုံခြုံရေး အအကူညီမပါဘဲ အမှုစစ်ရဲအရာရှိ ရဲအုပ်အောင်ဇော်ဦး တစ်ဦးတည်းက သာစည်မြို့နယ် တရားရုံးသို့ အသွားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တရားခံများ တင်ဆောင်လာသော သက်သေခံ ကားပေါ်တွင် အမှုစစ်အရာရှိ ရဲအုပ် အောင်ဇော်ဦးနှင့် ဇနီးစောနှင်းဝေ၊ ဇနီး၏ သူငယ်ချင်းဖြစ်သူ မမျိုးသီရိစံတို့ပါ လိုက်ပါလာခဲ့ရာ သာစည်မြို့ ကွမ်းခြံရိုး ကျေးရွာ၊ ဝေယံစတား ဆီဆိုင်အနီးတွင် ကားနောက်ခန်းမှ ပါလာသည့် တရားခံနှစ်ဦးမှာ လက်ထိတ်ပြုတ်လျက်ရှိပြီး ရဲအုပ်နှင့် ယာဉ်မောင်းကို ဝင်ရောက် လုံးထွေးမှုများ ပြုလုပ်သောကြောင့် ကားမှာ ယိုင်ထိုးပြီး ထိုးရပ်သွားခဲ့စဉ် ယာဉ်မောင်းမှာ ဆင်းပြေးသွားခဲ့ကြောင်း သိရသည်။ ထိုစဉ် ကားနောက်သို့ ဆိုင်ကယ်တစ်စီး ထိုးရပ်ပြီး ကားအတွင်း ဝင်ရောက်ကာ ကားနောက်ခန်းမှ မမျိုးသီရိစံကို တွန်းချခဲ့ပြီး မောင်းနှင် ထွက်ပြေးသွားခဲ့ရာ လမ်းတစ်လျှောက် တိုးဂိတ်များကိုလည်း ဝင်တိုက် ထွက်ပြေးသွားခဲ့ပြီး ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ကားထားပြီး ထွက်ပြေးခဲ့ရာ ရဲအုပ်၏ ဇနီးမှာ ကားနှင့်အတူ ကျန်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဟဲဟိုးမြို့တွင် ပိတ်ဆို့ ရှာဖွေ မှုများ ပြုလုပ်ခဲ့ရာ နိုဝင်ဘာ ၂ ဝရက် ည ၈ နာရီ ခွဲခန့်က ရဲအုပ်အောင်ဇော်ဦးကို ဈေးဝိုင်းရပ်ရှိ လက်ဖက်ရည်ဆိုင်တွင် လည်းကောင်း၊ အချုပ်သား တစ်ဦးဖြစ်သူ ထွန်းဝင်း (ခ) အိုက်ဝင်းကို ၈ နာရီ ၅၅ မိနစ်က ကလောမြို့နယ်၊ ဟဲဟိုး အုပ်စု၊ နတ်ကန်ရွာ လယ်ခေါင် ဘုန်းကြီးကျောင်းတွင် လည်းကောင်း၊ စိုင်းပန်ကို ည ၁၀ နာရီခွဲခန့်က တောင်ကြီးမြို့နယ်၊ သံတဲ ကျေးရွာအထက(ခွဲ) အနီးတွင်လည်းကောင်း၊ ဆိုင်ကယ်ဖြင့် လာရောက်ပြီး ကားမောင်း ကူညီခဲ့သော အချုပ်သားစိုင်းပန်၏ အစ်ကိုဖြစ်သူ အိုက်ခမ်းကို တောင်ကြီးမြို့နယ်၊ သံတဲကျေးရွာ အထက(ခွဲ)အနီးတွင် ည ၁၀ နာရီခွဲခန့်က သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့အသီးသီးက ဖမ်းဆီးရမိပြီးနောက် နိုဝင်ဘာ ၂၃ ရက်တွင် မူးယစ်အချုပ်သား နှစ်ဦးကို တရားစွဲဆို အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ရမန်ယူရန် တရားရုံးထုတ်လာစဉ် ရဲအုပ်နှင့်ဇနီးအား ခေါ်ဆောင် ထွက်ပြေးသည့် မူးယစ် အချုပ်သားနှစ်ဦးကို တရားခံပြေးပုဒ်မ ၂၂၄ ဖြင့် တရားစွဲဆိုကာ မိတ္ထီလာ ခရိုင်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ်ချမှတ်