ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ကော့မှူးမဲဆန္ဒနယ်မြေမှသာ ဝင်ရောက်ယှဉ်ပြိုင်မည်

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ကော့မှူးမဲဆန္ဒနယ်မြေမှသာ ဝင်ရောက်ယှဉ်ပြိုင်မည်
Published 12 July 2015

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ကော့မှူး မဲဆန္ဒနယ်မြေမှသာ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဇူလိုင် ၁၁ ရက်က နေပြည်တော်ရှိ နှင်းဆီစံအိမ်တွင် မီဒီယာများအား ပြောကြားခဲ့သည်။
 
ကော့မှူးမဲဆန္ဒနယ်မြေကပဲ ဝင်ပြိုင်မှာလားဟု သတင်းထောက်တစ်ဦး၏ မေးမြန်းချက်အား “အန်တီအနေနဲ့ကတော့ ကော့မှူးကပဲ ဝင်ပြိုင်မှာပါ”ဟု ပြောကြားခဲ့သည်။
 
ရွေးကောက်ပွဲဝင်ပြိုင်မည့်နေရာများ နှင့် ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီနဲ့ ညှိနှိုင်းထားတာ မရှိကြောင်း၊ ဆွေးနွေးထားတာကတော့ စီအာပီပီနဲ့ တစ်ချို့မဟာမိတ် ပါတီတွေနဲ့ပဲ ဆွေးနွေးထားခြင်းဖြစ်ကြောင်း၊ ယေဘုယျအားဖြင့် ဒါမျိုးတွေ ဆွေးနွေးထားတာ မရှိကြောင်း ပြောကြားခဲ့သည်။
 
“Land Slide  နိုင်တာ မနိုင်တာက အရေးမကြီးဘူး။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးက အဓိက မူဝါဒပဲ။အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက်ကိုပဲ ဦးတည်ပြီး လုပ်မှာပါ။အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်က ၁၀၀ ရာခိုင်နှုန်းနိုင်ခဲ့ရင်တော့ အမျိုးသားရင်ကြားစေ့ရေးကိုပဲ ဦးထိပ်ထား ဆောင်ရွက်မှာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
 
ရွေးကောက်ပွဲအနိုင်ရခဲ့ပါက မဏ္ဍိုင် သုံးရပ်တွင် မည်သည့်မဏ္ဍိုင်ကို အလေးထားမလဲဟူသော သတင်းထောက်တစ်ဦး၏  မေးမြန်းချက်အပေါ်တွင် အုပ်ချုပ်ရေးဘက်ပဲ သွားမည်ဖြစ်ကြောင်း၊ အစိုးရဖွဲ့မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

Most Read

Most Recent