ဘရိုက်တန်လူငယ်တိုက်စစ်မှူး အီဗန်ဖာဂူဆန်ကို ဇန်နဝါရီတွင် ခေါ်ယူရန် မန်စီးတီးအသင်း ပစ်မှတ်ထား

ဘရိုက်တန်လူငယ်တိုက်စစ်မှူး အီဗန်ဖာဂူဆန်ကို ဇန်နဝါရီတွင် ခေါ်ယူရန် မန်စီးတီးအသင်း ပစ်မှတ်ထား
Photo : Getty Images
Photo : Getty Images
Published 7 September 2023

မန်စီးတီးအသင်းသည် ဘရိုက်တန်အသင်းမှ အိုင်ယာလန်လူငယ်တိုက်စစ်မှူး အီဗန်ဖာဂူဆန်အား လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။

အသက် (၁၈)နှစ်အရွယ်ရှိ အီဗန်ဖာဂူဆန်သည် ပြီးခဲ့သည့်ရာသီက နည်းပြ ဒီဇယ်ဘီ၏ ဘရိုက်တန်အသင်းတွင် ပွဲကစားခွင့်ရခဲ့ပြီး ပြိုင်ပွဲစုံ (၂၅) ပွဲတွင် (၁၀) ဂိုး သွင်းယူနိုင်ခဲ့သဖြင့် နာမည်ရလာခဲ့ပြီး ဥရောပထိပ်တန်းအသင်းကြီးများ၏ စိတ်ဝင်စားခြင်းကို ခံခဲ့ရသူဖြစ်သည်။

အီဗန်ဖာဂူဆန်သည် နယူးကာဆယ်အသင်းအား (၃-၁) ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ဟက်ထရစ်အပါအဝင် ယခုရာသီ ပရီးမီး ယားလိဂ် (၄) ပွဲတွင် (၄)ဂိုးအထိ သွင်းယူထားသည်။

ဗြိတိန်မီဒီယာများ၏ ဖော်ပြမှုအရ မန်စီးတီးအသင်းသည် အသင်းတိုက်စစ်ပိုင်းတွင် ဟော်လန်းနှင့် တွဲဖက်ပေးရန်အတွက် အီဗန်ဖာဂူဆန်အား လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။

အီဗန်ဖာဂူဆန်အား မန်စီးတီးအပြင် အာဆင်နယ်အသင်းကလည်း ခေါ်ယူလိုနေကြောင်း သတင်းများထွက်ပေါ်နေသည်။ ဘရိုက်တန်အသင်းသည် အီဗန်ဖာဂူဆန်အား ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုထားပြီး ၎င်းအား ရောင်းချရမည်ဆိုပါက ကိုင်စီဒိုကဲ့သို့ စံချိန်တင်ပြောင်းရွှေ့ကြေးရမှသာ ရောင်းထုတ်ဖွယ်ရှိကြောင်း သိရှိရသည်။

Most Read

Most Recent