လာမည့်ဇန်နဝါရီတွင် ဘရန့်ဖို့ဒ်တိုက်စစ်မှူး တိုနေးကို ခေါ်ယူရန် မန်ယူ၊ ချယ်လ်ဆီးနှင့် စပါးတို့ အပြိုင်စိတ်ဝင်စား

လာမည့်ဇန်နဝါရီတွင် ဘရန့်ဖို့ဒ်တိုက်စစ်မှူး တိုနေးကို ခေါ်ယူရန် မန်ယူ၊ ချယ်လ်ဆီးနှင့် စပါးတို့ အပြိုင်စိတ်ဝင်စား
Photo: Getty Images
Photo: Getty Images
Published 26 August 2023

 

ပရီးမီးယားလိဂ်ထိပ်သီးကလပ်များဖြစ်သည့် မန်ယူ၊ ချယ်လ်ဆီးနှင့် စပါးအသင်းတို့သည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင် ဘရန့်ဖို့ဒ်တိုက်စစ်မှူး အီဗန်တိုနေးအား ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြကြောင်း Daily Mail က ဖော်ပြခဲ့သည်။ 

အသက် ၂၇ နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်မှူး တိုနေးသည် လက်ရှိတွင် FA မှ ချမှတ်ထားသည့် လောင်းကစားစည်းမျဉ်းကို ချိုးဖောက်ခဲ့ခြင်းကြောင့် ဘောလုံးနှင့်ပတ်သက်ခွင့် ရှစ်လပိတ်ပင်ခံထားရပြီး ၂၀၂၄ ဇန်နဝါရီ ၁၈ ရက်တွင် ပြန်ကစားခွင့်ရမည်ဖြစ်သည်။ 

တိုနေးသည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီက ဘရန့်ဖို့ဒ်အတွက် ပရီးမီးယားလိဂ် ၃၃ ပွဲ က စားရာတွင် ဂိုး ၂၀ အထိ သွင်းယူနိုင်ခဲ့သည်။ ထို့ကြောင့် ၎င်းအား ခေါ်ယူရန် ပရီးမီးယား လိဂ်ထိပ်တန်းအသင်းကြီးများက စိတ်ဝင်စားခဲ့ပြီး တိုနေး၏ပြစ်ဒဏ်ကြောင့် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှသာ ခေါ်ယူရန် စောင့်ကြည့်နေကြခြင်းဖြစ်သည်။ 

တိုနေးသည် လက်ရှိတွင် နာမည်ကျော်အေးဂျင့်ကုမ္ပဏီ CAA Strella နှင့် စာချုပ် ချုပ်ဆိုထားပြီး ဘရန့်ဖို့ဒ်အသင်းမှ ထွက်ခွာလိုနေကြောင်း သိရှိရသည်။ ယင်းအခြေအနေတွင် တိုက်စစ်မှူးများ ခေါ်ယူလိုနေသည့် မန်ယူ၊ ချယ်လ်ဆီးနှင့် စပါးအသင်းတို့က လာ မည့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင်  ၎င်းကို ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြခြင်းဖြစ်ကြောင်း သိရှိရသည်။ 

ဘရန့်ဖို့ဒ်အသင်းအနေဖြင့် တိုနေးအား အသင်းတွင်ဆက်ထိန်းလိုသော်လည်း ကစားသမား၏ဆန္ဒကို လိုက်လျောသွားဖွယ်ရှိကြောင်း သိရှိရသည်။ ထို့ကြောင့် ဘရန့်ဖို့ဒ်အသင်းသည် တိုနေး အား ပေါင် သန်း ၈၀ စျေးနှုန်းသတ်မှတ်ပေးထားကြောင်း သတင်းထွက်ပေါ်နေသည်။ 

တိုနေးသည် ဘရန့်ဖို့ဒ်အသင်းအတွက် သုံးရာသီအတွင်း ပြိုင်ပွဲစုံ ၁၂၄ ပွဲတွင် ၆၈ ဂိုး သွင်းယူပေးထားသည်။

Most Read

Most Recent