ဇာဗီရဲ့ ဘာစီလိုနာအဆင့်မြှင့်တင်ရေးစီမံကိန်း

ဇာဗီရဲ့ ဘာစီလိုနာအဆင့်မြှင့်တင်ရေးစီမံကိန်း
Photos: AFP & Getty Images
Photos: AFP & Getty Images
Published 17 June 2023
Hein Thant

"ကျွန်တော့်အသင်းက ခိုင်မာတောင့်တင်းအောင်ထပ်ပြီး တည်ဆောက်ယူရဦးမှာပါ။ အထူးသဖြင့် ဥရောပအဆင့်မှာတန်းဝင်နိုင်ဖို့ ကျွန်တော်တို့ကိုယ်တိုင် ပြင်ဆင်မှုတွေ လုပ်ရပါလိမ့်မယ်။ ဥရောပမှာ ပြိုင်ဆိုင်နိုင်ဖို့ဆိုရင် အနည်းဆုံးနေရာ တစ်နေရာစာအတွက် ကစားသမား (၂)ဦးရှိဖို့ လည်းလိုပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ အသင်းအတွက် ဖြည့်ဆည်းပြင်ဆင်မှုတွေလုပ်ရပါဦးမယ်။ ဒါမှသာ လာမယ့်ရာသီမှာ ဆုဖလားအားလုံးကိုစိန်ခေါ် နိုင်မယ့် အသင်းတစ်သင်းဖြစ်လာမှာပါ။ အဲဒါပြီးမှ နောက်ထပ်ခြေလှမ်းကတော့ ချန်ပီယံလိဂ်မှာအောင်မြင်ဖို့ပေါ့" လို့ ၂၀၂၂-၂၃ ရာသီ အပြီး မြောက်မြားစွာသောအင်တာဗျူးတွေမှာ ဇာဗီ မမောတမ်းမပန်းတမ်း ဖြေဆိုခဲ့တယ်။ ဒါကိုကြည့်ရင် ဇာဗီနဲ့ ဘာစီလိုနာရဲ့ရှေ့ခရီးက စိန်ခေါ်မှုတွေကို ကျော်ဖြတ်ရဖို့ရှိနေသေးတာကိုပါ မြင်လိုက်ရသလို ဖြစ်ခဲ့တယ်။  ဇာဗီရဲ့ပထမဆုံးအချိန်ပြည့်ရာသီက ဆုဖလားအောင်ပွဲ (၂)ခုနဲ့ အဆုံးသတ်ခဲ့လို့ ကျေနပ်စရာတော့ကောင်းခဲ့တယ်။ ဒါပေမဲ့ ကွင်းပြင်ပဘာစီလိုနာအသင်းရဲ့ အခြေအနေကတော့ အကျပ်အတည်း၊ အခက်အခဲတွေနဲ့ ဆက်ပြီးရင်ဆိုင်နေရတုန်းပဲ။

 

Most Read

Most Recent