ဘောလုံးကမ္ဘာရဲ့ တိုက်ကြီးများအလိုက်အား ပြိုင်မှုတွေထဲမှာ ဗဟိုချက်အကျဆုံးနဲ့ ရင်ခုန်စရာအကောင်းဆုံးအားပြိုင်မှုလို့ဆိုရမှာက ဥရောပဘောလုံးလောကနဲ့ တောင်အမေရိကဘောလုံးလောကရဲ့ပြိုင်ဆိုင်မှုပါပဲ။ ဘောလုံးဖွံ့ဖြိုးတိုးတက်မှု၊ အရည်အသွေးပြည့်ဝမှု၊ အောင်မြင်မှုနဲ့ အစဉ်အလာကြီးမားမှုတွေမှာ ဥရောပနဲ့ တောင်အမေရိကဟာ တခြားတိုက်ကြီးတွေထက် ခေါင်းတစ်လုံးမက အသာရနေပြီး ဒီတိုက်ကြီးနှစ်ခုရဲ့ ရှုထောင့်ပေါင်း စုံအားပြိုင်မှုတွေကပဲ ဘောလုံးသမိုင်းရဲ့အရေးပါဆုံးအခိုက်အတန့်တွေဖြစ်ခဲ့တာပါ။ အမြင်သာဆုံး ဥပမာပေးရရင် ပြီးခဲ့တဲ့ကမ္ဘာ့ဖလား(၂၂)ကြိမ်မှာ ဥရောပတိုက်ကိုယ်စားပြုအသင်းတွေက ချန်ပီယံဆုကို (၁၂)ကြိမ်ရယူထားသလို၊ တောင်အမေရိ ကိုယ်စားပြုအသင်းတွေက (၁၀)ကြိမ်အထိရယူထားပါတယ်။ ဒါ့ပြင် အဆိုပါတိုက်ကြီး (၂)တိုက်က သက်ဆိုင်ရာကလပ်အသင်းတွေရဲ့ ကျော်ကြားမှု နဲ့ ကြွယ်ဝချမ်းသာမှုမှာတော့ ဥရောပကလပ်အသင်းတွေက ပြတ်ပြတ်သားသားအသာရထားပေမယ့် တောင်အမေရိက ကစားသမားတွေကပဲ ဥရောပဘောလုံးသမိုင်းရဲ့ အဓိကထောက်တိုင်တွေထဲကတစ်ခုအဖြစ် လက်ရှိအချိန်ထိကို အသုံးတော်ခံခဲ့တာပါ။
တောင်အမေရိကရဲ့ လွှမ်းမိုးခြင်းများ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။