မန်စီးတီးဖလားသုံးလုံးအောင်ပွဲရလိုက်လို့ ဟော်လန်းကို Ballon d'Or ရသင့်တယ်ဆိုပြီး သုံးသပ်သံတွေ ထွက်လာတယ်။ မန်စီးတီးပရိသတ်အများစုရဲ့ နှုတ်ဖျားကနေထွက်လာတဲ့ အသံတွေဖြစ်ပေမယ့် ကြားနေပရိသတ်တချို့လည်း ဟော်လန်းဘက်မှာ ရှိနေပါလိမ့်မယ်။ စီရော်နယ်လ်ဒိုနဲ့ မက်ဆီ ခေတ်ကုန်သွားပြီ။ ဟော်လန်း ခေတ်ရောက်ပြီလို့ ၀ိန်းရွန်နီ သုံးသပ်တယ်။ တကယ်ပဲ အဲဒီစကားဟာ အမှန်တရားဖြစ်နေပါတယ်။ ပရီးမီးယားလိဂ်ဟာ သိပ်ပြီးကြမ်းတမ်းတယ်ဆိုပြီး အမွှမ်းတင်ကြတယ်။ ဟော်လန်းအ တွက် ပရီးမီးယားလိဂ်ဟာ ပန်းခင်းလမ်းပဲ။ ပရီးမီးယားလိဂ်ဂန္ထဝင်တွေ နှစ်ကာလများစွာ ထုဆစ်ခဲ့ရတဲ့ သွင်းဂိုးစံချိန်တွေကို ဟော်လန်းက သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ရာသီမှာပဲ သိမ်းပိုက်လိုက်တယ်။ ဟော်လန်းကြောင့် ပရီးမီးယားလိဂ်က Farmer League ဖြစ်လာတယ်။ တကယ်ဆိုရင် ဟော်လန်းနဲ့ သွင်းဂိုးတွေဟာ ခွဲခြားလို့ မရနိုင်ဘူး။ ဘာပေလို ကိုယ်စားပြုရာနိုင်ငံ ကံမ ကောင်းလို့ အခမ်းနားဆုံးအောင်ပွဲတွေ ပိုင်ဆိုင်ခွင့်မရသေးပေမယ့် ဟော်လန်းဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးဖြတ်သန်းနေပြီ။ ဘာပေထက် သတ္တိရှိစွာ မက်ဆီ၊ စီရော်နယ်လ်ဒို ခေတ်လွန်ဘောလုံးကမ္ဘာရဲ့ GOAT အသစ်ဖြစ်ဖို့ အားယူနေပါပြီ။
■ Ballon d'Or ဆုနဲ့ ဟော်လန်း ထိုက်တန်လား
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။