နွေရာသီဆိုတာက အပြောင်းအရွှေ့ပုံပြင်တွေ ပေါက်ဖွားတတ်တဲ့ ကာလတစ်ခုပါပဲ။ လက်တွေ့ဖြစ်မြောက်သွားတဲ့ အပြောင်းအရွှေ့တွေ ရှိသလို၊ အဖျားရှူးသွားတာတွေလည်း အများကြီးပါပဲ။ စပါးတိုက်စစ်မှူး ဟာရီကိန်းရဲ့ အပြောင်းအရွှေ့ပုံပြင်တွေကို စောင့်ကြည့်နေခဲ့ရတဲ့ နွေရာသီတွေလည်း အတော်များလာပါပြီ။ ဟာရီကိန်းက ဆုဖလားတွေ ရယူနိုင်ခြင်းမရှိတဲ့ စပါးအသင်းကို စွန့်ခွာ ချင်နေတယ်၊ သူ့ကို ရီးယဲလ်၊ မန်ယူ၊ မန်စီးတီးတို့က ခေါ်ယူချင်နေတယ်ဆိုတဲ့ အပြောင်းအရွှေ့ပုံပြင်တွေကို ရိုးအီအောင် ကြားခဲ့ရပေမဲ့ အခုထိတော့ စပါးအသင်းမှာ တည်မြဲနေတုန်းပါ။ မန်စီးတီးအသင်းဆီ တိုက်စစ်မှူး ဟော်လန်းသာ ရောက်ရှိသွားတယ်၊ ဟာရီကိန်းကတော့ နောက်ထပ်ဖလားလက် မဲ့ရာသီတစ်ခုကို ဖြတ်သန်းနေရဆဲပါပဲ။ ဒီနွေမှာလည်း ရီးယဲလ်လား၊ မန်ယူလား၊ ဘိုင်ယန်မြူးနစ်လား ဟာရီကိန်း စိတ်ကြိုက်ရွေးခွင့်ရှိနေတယ်ဆိုတဲ့သတင်း ထပ်ထွက်လာပြန်ပါတယ်။ ဒီအတိုင်း ဆိုရင်တော့ စပါးက မခွာမချင်း ဟာရီကိန်းရဲ့ အပြောင်းအရွှေ့ပုံပြင်တွေကို ဆက်ကြားနေရမယ့်ပုံပါပဲ။ ဒါကြောင့် မထူးဆန်းဘူးလို့ ဆိုရမှာဖြစ်ပြီး ထူးဆန်းတာက မထင်မှတ်ဘဲ ဘာပေရဲ့ ပုံပြင်အသစ် ထွက်ပေါ်လာခဲ့တာပါ။ ဘာပေက PSG အသင်းမှာ အရမ်းပျော်ရွှင်နေပေမဲ့ ၂၀၂၄ အထိပဲ ဆက်ရှိမှာပါ၊ တစ်နှစ်သက်တမ်းတိုးမှာ မဟုတ်ပါဘူးလို့ ပြောကြားခဲ့တာကြောင့် အပြောင်းအရွှေ့ပုံပြင်အသစ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ၂၀၂၄ မှာ အသင်းနဲ့ လမ်းခွဲမယ်ဆိုရင် PSG အသင်းအနေနဲ့ တန်ဖိုးကြီးကြီးပေးထားရတဲ့ ကစားသမားကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ဆုံးရှုံးခံနိုင်မှာလားဆိုတဲ့ မေးခွန်း ထွက်ပေါ်လာတာကြောင့်ပါပဲ။
■ ဘာပေနှင့် ယူရိုသန်း( ၂၀၀) တန် ပုံပြင်အသစ်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။