ဂျိုကိုဗစ်ရဲ့အောင်ပွဲနဲ့ နှိုင်းတုမရတဲ့ အရည်အသွေးများအကြောင်း

ဂျိုကိုဗစ်ရဲ့အောင်ပွဲနဲ့ နှိုင်းတုမရတဲ့ အရည်အသွေးများအကြောင်း
Photo : Getty Images
Photo : Getty Images
Published 15 June 2023
Chan Myae

သူ့ကိုချစ်တဲ့သူတွေက နိုးလ်လို့ ခေါ်ကြတယ်။ မီဒီယာတွေက နိုဗက်လို့ ခေါ်တယ်။ ကျွန်တော်တို့ မြန်မာတွေကတော့ ဂျိုကိုဗစ်ပေါ့။ တင်းနစ်မှာ ပါရမီမြောက်သလောက် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအတွက်လည်း အင်မတန်ကျော်ကြားတဲ့  လူသား။ တင်းနစ်သမိုင်းမှာ ဂန္ထဝင်တွေကို ပုံစံအမျိုးမျိုးနဲ့တင်စားကြရင် နိုးလ်ကိုတော့ ထူးခြားတဲ့ ရုပ်ပိုင်းဆိုင်ရာစွမ်းအားတွေတင်မဟုတ်ဘဲ ဗျူဟာ မြောက်ကစားနိုင်ခြင်း၊ တည်ငြိမ်တဲ့စိတ်ပိုင်းဆိုင်ရာကို ပြသနိုင်မှုတွေအတွက် စံနမူနာအဖြစ် ပြောပြရမယ့်သူဖြစ်တယ်။ နိုးလ်ရဲ့ စိတ်ဓာတ်က တစ်သမတ်တည်းပဲ။ အင်မတန်ဖိအားများပြီး ရုပ်ပိုင်း၊ စိတ်ပိုင်း အရမ်းအရေးကြီးတဲ့ဂိမ်းမှာ နိုဗက်က ဂိမ်းအပေါ်၊ ဖြစ်နေတဲ့အခြေအနေအပေါ် ဖိအားမရှိဘဲ စိတ်တည်ငြိမ်မှုကို ထိန်းထားနိုင်တဲ့ ထူးခြားတဲ့စွမ်းရည်ကို အမြဲပြသလေ့ရှိတယ်။

 

Most Read

Most Recent