မိုဒရစ်၊ ကက်စီမီရို၊ တိုနီကရို့စ်တို့ရဲ့ The Burmuda Triangle လိုမျိုး ပြန်လည်တည်ထောင်နိုင်အောင် ဘယ်လင်ဟမ်ဟာ နောက်ဆုံးဖြစ်ဖဲပဲ။ ရီးယဲလ်က ပိုပြီး Dynamic ဖြစ်မယ့်၊ ပိုပြီး Energetic ဖြစ်မယ့် ကွင်းလယ်လုပ်အားနှုန်းကို မျှော်လင့်နေတယ်။ ဘရာဇီးလ်နည်းပြ ရာထူးကို ငြင်းဆန်ပြီး ရီးယဲလ်မှာ အန်ဆယ်လော့တီ ဆက်နေခဲ့တာဟာ လူငယ်မျိုးဆက်တစ်ခုကို အမွေအနှစ်အဖြစ် ချန်ရစ်ထားချင်လို့ပါပဲ။ ဘာမင်ဂမ်နဲ့ ဒေါ့မွန်မှာတုန်းက ကျောနံပါတ် ၄ ၊ ၈၊ ၁၀ နဲ့ ၂၂ ဝတ်ဆင်ခဲ့သူ ဘယ်လင်ဟမ်ဟာ ရီးယဲလ်မှာတော့ ဂန္ထဝင်ကျောနံပတ် ၇၊ ၁၁၊ ၉ ထဲက တစ်ခုခုကို ဆင်မြန်းပါလိမ့်မယ်။ ရီးယဲလ်က ဘယ်လင်ဟမ်အတွက် ပြောင်းရွှေ့ကြေး ယူရို (၁၀၃) သန်း၊ Add-ons ကြေး ယူရိုသန်း (၃၀) ပေးလိုက်ရလို့ နှမြောနေမှာမဟုတ်ဘူး။ ဘာနေဗျူးကို ရောက်ရှိ လာတဲ့ ဘယ်လင်ဟမ်ဟာ ရီးယဲလ်ရဲ့ မဟာသူရဲကောင်းဘဝကို မျှော်လင့်ခွင့်ရှိနေပါတယ်။ အသက် (၁၉) နှစ်အရွယ်မှာပဲ အင်္ဂလန်နဲ့ ဂျာမနီမှာပါရမီစမ်းသပ်ခံထားနိုင်တဲ့ ဘယ်လင်ဟမ်ဟာ စပိန်မြေမှာ အင်္ဂလန်သားတွေရဲ့ ဇ ကိုပြသပါလိမ့်မယ်။
မှော်ဆရာဘယ်လင်ဟမ်နဲ့ ကြယ်စင်စုစီမံကိန်း
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။