အရှုံးသမားများနဲ့ အောင်နိုင်သူ

အရှုံးသမားများနဲ့ အောင်နိုင်သူ
Photos: AFP
Photos: AFP
Published 14 June 2023
Wai Yan Aung

ဥရောပရဲ့ ၂၀၂၂-၂၃ ဘောလုံးရာသီကတော့ အဆုံးသတ်သွားခဲ့ပါပြီ။ ဒီတော့ ဘယ်သူတွေ ရှုံးနိမ့်ပြီး ဘယ်သူတွေ အောင်ပွဲခံနိုင်ခဲ့သလဲဆိုတာကိုလည်း သဲသဲကွဲကွဲမြင်တွေ့ခဲ့ရပါပြီ။ အောင်မြင်မှုသရဖူဆောင်းခဲ့တာကတော့ မန်စီးတီးအသင်းနဲ့ ဂွါဒီယိုလာတို့ပါပဲ။ ရတောင့်ရခဲအောင်ပွဲဖြစ်တဲ့ တစ်ရာသီအတွင်း ဖလား(၃)လုံးချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူနိုင်ခဲ့တာကြောင့်ပါ။ ဒီအတွက် ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာ ပြောခဲ့တဲ့စကားကလည်း သဘောကျစရာဖြစ်ခဲ့ပါတယ်။ "သတိထား ရီးယဲလ်မက်ဒရစ်။ ငါတို့ ချန်ပီယံလိဂ်ဖလား(၁၃)လုံးစာဝေးနေပေမဲ့ မင်းတို့နောက်ကို ငါတို့လိုက်လာနေပြီ။ ငါတို့ရဲ့ လမ်းကြောင်းပေါ်ရောက်လာပြီ။ မင်းတို့ နည်းနည်းလောက်အိပ်ပျော်သွားတာနဲ့ ငါတို့ အမီလိုက်လာမှာ"ဆိုတဲ့ စကားပါပဲ။ ရီးယဲလ်မက်ဒရစ်က ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့သမိုင်းမှာ အအောင်မြင်ဆုံးအသင်းဖြစ်ပြီး ဥရောပဖလားခေတ်ကနေ အခုချိန်အထိ ဆုဖလား(၁၄)ကြိမ်ရယူထားတာပါ။ မန်စီးတီးအသင်းကတော့ အခုမှ ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ်ရယူနိုင်ခဲ့ ခြင်းဖြစ်တာကြောင့် ဂွါဒီယိုလာက အခုလို ပြောခဲ့တာပါပဲ။ ဂွါဒီယိုလာက ချန်ပီယံလိဂ်ဖလားကို နောက်တစ်ကြိမ်ပြန်ရဖို့ ဆယ်စုနှစ်တစ်ခုမက စောင့်ဆိုင်းခဲ့ရပေမဲ့ လက်တွေ့ရယူနိုင်ခဲ့ချိန်မှာ ဖလား(၃)လုံးအောင်ပွဲဆိုတဲ့ ဂုဏ်ပုဒ်ကိုပါ တစ်ပါတည်းသိမ်းပိုက်နိုင်ခဲ့တာကြောင့် စောင့်ရကျိုးနပ်ခဲ့တယ်လို့ ဆိုရမှာပါ။

 

Most Read

Most Recent