အယ်လစ္စတာ၊ ကိုင်စီဒိုနဲ့ ဘရိုက်တန်ရဲ့ အပြောင်းအရွှေ့ပေါ်လစီ

အယ်လစ္စတာ၊ ကိုင်စီဒိုနဲ့ ဘရိုက်တန်ရဲ့ အပြောင်းအရွှေ့ပေါ်လစီ
Photos: Getty Images
Photos: Getty Images
Published 3 June 2023
Lin Oo Eain

တကယ်လည်း ဘရိုက်တန်အသင်းဟာ အရည်သွေးမြင့် ကစားသမားတွေကို ဆုံးရှုံးခဲ့ရတာပါ။ ထရိုဆက်ဒ် (အာဆင်နယ်)၊ မူပေး (အဲဗာတန်)၊ ကူကူရယ်လာ (ချယ်လ်ဆီး)၊ အော်စတီဂတ်ဒ် (နာပိုလီ)၊ ဘစ်ဆူးမား (စပါး)၊ ဒက်ဖီ (ဖူလ်ဟမ်)၊ ဘင်ဝှိုက် (အာဆင်နယ်)၊ မက်သယူးရိုင်ယန် (ဆိုစီဒက်)၊ ဘန်း (နယူးကာဆယ်)၊ ပရိုပါ (PSV) အစရှိတဲ့ ထောက်တိုင်ကစားသမားတွေကို ဘရိုက်တန်အသင်း ဆုံးရှုံးခဲ့တယ်။ သူတို့ကို ပြီးခဲ့တဲ့ (၂)ရာသီအတွင်း ဘရိုက်တန်အသင်းဟာ ရောင်းထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဘရိုက်တန်အသင်းရဲ့ အနေအထားက ပျက်စီးသွားခြင်းမရှိဘူး။ ဂရေဟမ်ပေါ်တာထွက်သွားပေမဲ့လည်း ပြဿနာမဖြစ်ခဲ့ဘူး။ ခြေစွမ်းနဲ့ ရလဒ်ပိုင်းမှာတောင် ပိုကောင်းလာခဲ့ပြီး ဒစ်ဇယ်ဘီရဲ့အသင်းက ဗြိတိန်ဘောလုံး အသိုင်းအဝိုင်းရဲ့ ချီးကျူးမှုတွေကိုရခဲ့တယ်။ ဒါ့အပြင် နောက်ဆုံး (၂)နှစ်အတွင်း ဘရိုက်တန်ရဲ့ ကစားသမားရောင်းချလို့ရတဲ့ ဝင်ငွေကလည်း အဆမတန်မြင့်တက်လာတာ တွေ့ရတယ်။

 

Most Read

Most Recent