"အကြောင်းအရာက မန်ချက်စတာစီးတီးအသင်းကို ဟန့်တားဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ FA ဖလား ရယူဖို့ပါ။ ကျွန်တော်တို့ရဲ့ ပရိသတ်တွေကို ဒီဆုဖလားယူပေးချင်ပါတယ်"။ မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်ရဲ့ ပြောကြားမှုဖြစ်ပါတယ်။ သူပြောသလိုပဲ ဒီအချိန်မှာ ပရိသတ်အများစုရဲ့အမြင်က မန်စီးတီးအသင်းဘက် တိမ်းစောင်းနေတာလည်း အမှန်ပါပဲ။ အားလုံးက မန်စီးတီးအသင်းရဲ့ ဖလား(၃)လုံးအောင်ပွဲအပေါ် အခြေပြုစဉ်းစားသလိုဖြစ်နေပါတယ်။ မန်စီးတီးအသင်းရဲ့ ဖလား(၃)လုံးအိပ်မက်ကို မန်ယူအသင်း ဖျက်ဆီးပစ်နိုင်မလားလို့ စောင့်ကြည့်နေကြသလို ဖြစ်နေပါတယ်။ မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို အလွယ်တကူရယူခဲ့ပြီးပါပြီ။ ရာသီတစ်လျှောက်လုံးနီးပါး အာဆင်နယ်အသင်းရဲ့နောက်မှာ ရပ်တည်ခဲ့ရပေမဲ့ ပန်းဝင်ခါနီးမှာ ပြန်လည်ကျော်ဖြတ်နိုင်ခဲ့ပြီး ပွဲမကုန်ခင်မှာ ချန်ပီယံဆုရယူနိုင်ခဲ့တာကြောင့် အလွယ်တကူလို့ဆိုရတာပါ။ ကျန်နေတာက FA ဖလားဗိုလ်လုပွဲနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ။ ရင်ဆိုင်ရမှာက မြို့ခံပြိုင်ဘက် မန်ယူအသင်းနဲ့ စီးရီးအေထိပ်သီး အင်တာမီလန်။ နှစ်သင်းစလုံးကို ကျော်ဖြတ်နိုင်မှ ထူးခြားလွန်းတဲ့ ဖလား (၃)လုံးအောင်ပွဲကို ရယူနိုင်မှာပါ။
■ ဖလား (၃) လုံး ပြေးလမ်းပေါ်က မန်ချက်စတာဒါဘီ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။