ချန်ပီယံလိဂ်ပြိုင်ပွဲကို ဥရောပရဲ့အကောင်းဆုံးကလပ်အသင်း ရွေးချယ်ပွဲအဖြစ် တင်စားလေ့ရှိပါတယ်။ ဒီရာသီချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း မန်စီးတီးအသင်းက ဥရောပရဲ့ အကောင်းဆုံးအသင်းဖြစ်ကြောင်း မှတ်ကျောက်တင်အစမ်းသပ်ခံရမယ့်အခြေအနေ ရှိနေပါတယ်။ ဒါပေမဲ့ အဲဒီချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင်မှာ ဥရောပပဘုရင် ရွေးချယ်ပွဲတစ်ခုလည်း ရှိနေပါသေးတယ်။ ပြိုင်ပွဲက ချန်ပီယံလိဂ်ထက်တစ်ဆင့်နိမ့်တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲဖြစ်ပေမဲ့ ဥရောပဘုရင်ရွေးပွဲလို့ ဘာကြောင့် သုံးနှုန်းရတာလဲဆိုတော့ ဆီဗီလာနဲ့ မော်ရင်ဟိုတို့ ထိပ်တိုက်တွေ့နေတာကြောင့်ပါပဲ။ ဆီဗီလာက ယူရိုပါလိဂ်မှာ ဗိုလ်လုပွဲရောက်တိုင်း ချန်ပီယံဆုကို မလွတ်တမ်းဆွတ်ခူးနိုင်တဲ့အသင်းဖြစ်သလို၊ မော်ရင်ဟိုကလည်း ဥရောပအဆင့်ဗိုလ်လုပွဲတွေမှာ ရာနှုန်းပြည့်အနိုင်ရထားတဲ့နည်းပြ ဖြစ်နေတာကြောင့်ပါပဲ။ ဒါကြောင့် လာမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲကို ဥရောပဘုရင်ရွေးပွဲလို့ သုံးနှုန်းရတာပါ။ တစ်နည်းအားဖြင့်ပြောရရင် ဘယ်သူ့အတွက် ပထမဆုံးအရှုံးဖြစ်လာမလဲဆိုတာ အဖြေရှာရမယ့်ပွဲလည်း ဖြစ်နေပါတယ်။
ဘယ်သူ့အတွက် ပထမဆုံးအရှုံးဖြစ်လာမလဲ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။