အိုးလ်ထရက်ဖို့ဒ် ပရီးမီးယားလိဂ်ပွဲမှာ မန်ယူက မြို့ခံပြိုင်ဘက်ကို အလဲထိုးနိုင်ခဲ့ပေမယ့် မမြင်နိုင်တဲ့ ကံတရားနဲ့ ပုံမှန်မဟုတ်တဲ့ အဖြစ်အပျက်တွေက မန်ယူကို ဖေးမခဲ့တယ်။ လာမယ့် FA ဖလားဖိုင်နယ်မှာ အဲဒီလိုကံတရားမျိုး မန်ယူ ရပါ့မလားဆိုတာ မသေချာဘူး။ မန်စီးတီးက ဂွါဒီယိုလာနဲ့အတူ စဉ်ဆက်မပြတ်တည်ထောင်လာတာ ကြာနေပြီ။ မန်ယူက အခုမှ တန်ဟက်ဂ် လက်ထဲက ပျိုးခါစပန်းလေး၊ အခြေအနေတွေ အများကြီးကွာခြားပါတယ်။ မန်ယူက မန်စီးတီးလို ဘဝမျိုးရောက်ဖို့ အဝေးကြီးလိုနေသေးတယ်။ အဲဒီလိုပြောလို့ ဘာမှမလုပ်ဘဲ ထိုင်နေခိုင်းတာ မဟုတ်ပါဘူး။ တက်ရိပ်ပြခါစ အသင်းတစ်သင်းအတွက် မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှု လိုအပ်ပါတယ်။ ခေတ်ပေါ် ဘောလုံးကမ္ဘာမှာ အသင်းတိုင်းဟာ ငွေသုံးနေပြီး အနာဂတ်အသစ်ကို မျှော်ကြည့်နေပါတယ်။ ဒါပေမဲ့ ငွေကို စနစ်တကျရင်းနှီးမြှုပ်နှံရပါမယ်။ ချယ်လ်ဆီးဆိုရင် ငွေကိုစနစ်တကျမသုံးခဲ့ လို့ဒုက္ခများနေရပြီ။ မန်ယူလည်း ငွေကို စနစ်တကျသုံးဖို့လိုပါတယ်။ လာမယ့် နွေရာသီအပြောင်းအရွှေ့ဟာ မန်ယူအတွက် သိပ်ပြီးအရေးကြီးပါတယ်။ ရောင်းမှားဝယ်မှား ဖြစ်ခဲ့ရင် တန်ဟက်ဂ်နဲ့အတူ ပိုင်ဆိုင်ထားတဲ့ အရှိန်လေး သံပတ်သေသွားလိမ့်မယ်။
မန်ယူနဲ့ မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှု
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။