စစ်ပွဲတွင် အဓိက ရန်သူမှာ ယူကရိန်း မဟုတ်ဘဲ အမေရိကန်ဖြစ်ဟု ရုရှား လုံခြုံရေးကောင်စီ အတွင်းရေးမှူး ပြော

စစ်ပွဲတွင် အဓိက ရန်သူမှာ ယူကရိန်း မဟုတ်ဘဲ အမေရိကန်ဖြစ်ဟု ရုရှား လုံခြုံရေးကောင်စီ အတွင်းရေးမှူး ပြော
Published 27 May 2023

စစ်ပွဲတွင်ရုရှား၏ရန်သူအစစ်မှာ ယူကရိန်းမဟုတ်ဘဲ အမေရိကန်သာဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ပက်ထရူရှက်ဗ်က ပြောကြားခဲ့သည်။

“ရုရှားနဲ့ ယူကရိန်း စစ်ဖြစ်နေတယ်လို့ အနောက်နိုင်ငံ က လူတွေကပြောကြတယ်။ အဲဒီလို လုံးဝ မဟုတ်ပါဘူး။ အမေရိကန်က ရုရှားနဲ့တိုက်ခိုက်နေတာဖြစ်တယ်”ဟု ၎င်းက အင်တာဗျူးအ စီအစဉ်တစ်ခုတွင် ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် အမေရိကန် ပြည်ထောင်စုက နေတိုးမဟာမိတ်အဖွဲ့နှင့် ဥရောပသမဂ္ဂ (အီးယူ)၏ စွမ်းပကားနှင့် ယူကရိန်း၏စစ်ရေး စုဖွဲ့မှုစွမ်းရည် အထူးသဖြင့် ရုရှားကို အင် အားချည့်နဲ့အောင် လုပ်ဆောင်ရန် စိတ်အား ထက်သန်နေသည့် နာဇီလက်သစ်ဝါဒီများကို အသုံးချနေသည်ဟုလည်း ၎င်းကဆိုသည်။ 

ပက်ထရူ ရှက်ဗ်သည် ရုရှားလုံခြုံရေးကောင်စီ အတွင်း ရေးမှူးအဖြစ် ၂၀၀၈ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ဖြစ်သည်။

သူသည် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ အနီးကပ်ဆုံး အကြံပေးနှင့် အမျိုးသားလုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များနောက်ကွယ်တွင် အဓိက အခန်းကဏ္ဍမှ ပါဝင်သူတစ်ဦးအဖြစ် ယူဆခံရသည်။

၂၀၁၄ တွင် ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းယူမှုနှင့် ယူကရိန်းအား ကျူးကျော်မှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

Most Read

Most Recent