အာဆင်နယ်-ဘရိုက်တန်ပွဲကို ကြည့်ပြီးတဲ့ အချိန်မှာ ခေါင်းထဲမှာ စိုးမိုးနေတဲ့အတွေးတွေက ဘရိုက်တန်အကြောင်းပဲ။ အာဆင်နယ်အကြောင်း ရေးချင်စရာ သိပ်မရှိသလို၊ သိပ်လည်း မတွေးမိဘူး။ အာဆင်နယ်ဘာကြောင့် ရှုံးသလဲဆိုတာကို သိပ် စိတ်မဝင်စားပဲ ဘရိုက်တန်ဘာကြောင့် နိုင်တာလဲ ဆိုတာကိုပဲ ဦးစားပေးမိတယ်။ အခုလည်း ဒီအတွေးတွေကို ချရေးမယ့် သဘောပါ။ တော်တော်ကို အထင်ကြီးမိတဲ့အသင်းဖြစ်ပြီး ပြောခဲ့ဖူးတာကို မှတ်မိမယ်ထင်ပါတယ်။ ဘရိုက်တန်ရဲ့ နည်းဗျူ ဟာ၊ ဘရိုက်တန်ရဲ့ ကစားဟန်က တကယ့်ကို Quite well documentred ပါ ပဲ။ အရမ်းအထင်ကြီးတဲ့ ရှားရှားပါးပါး အသင်းတွေထဲမှာပါတယ်။ ဂရေဟမ်ပေါ်တာလက်ထက်ကတည်းက အထင်ကြီးခဲ့ပြီး အခု ဒစ်ဇယ်ဘီလက်ထက်မှာလည်း ဆက်လက်အထင်ကြီးနေတဲ့ အသင်းလို့ ပြောလို့ရတယ်။ အာဆင်နယ်ကို အီမရိတ်စ်ကွင်းမှာ ဘယ်လို စိတ်ဓာတ်၊ ခံယူချက်မျိုးနဲ့ လာကစားသွားတာ လဲဆိုတာ အံ့သြစရာတောင်ကောင်းတယ်။ အမှတ် လိုတာ မလိုတာကို ပြောချင်တာ မဟုတ်ဘူး။ ငါတို့ နိုင်နေကျပါ ဆိုတဲ့ပုံစံနဲ့ လာကစားသွားတာ။
ဘရိုက်တန်ရဲ့ ထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့ ကစားကွက်ကို သုံးသပ်ခြင်း
Photos: AFP & Getty Images