အင်တာမီလန်က ရာသီကုန်ခါနီးရောက်မှ သူမတူတဲ့ စွမ်းဆောင်ရည်တွေ ပြသထားပြီး ချန်ပီယံလိဂ်နဲ့ ကိုပါ အီတာလီယာဖလား ဗိုလ်လုပွဲတွေကို တက်ရောက်ထားပါ တယ်။ ချယ်လ်ဆီးကနေ အငှားလာရောက် ကစားနေတဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူကလည်း အသင်း အတွက် နောက်ဆုံး ကစားခဲ့တဲ့ ပွဲ(၂၀)မှာ (၁၀) ဂိုးသွင်းပြီး ဂိုးဖန်တီးမှု (၅)ကြိမ် လုပ်ထားပါတယ်။ အေစီမီလန်ကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်၊ ဒုတိယအကျော့အပြီး CBS Sports နဲ့ တွေ့ဆုံရာမှာ အွန်နရီ၊ ကာရေဂါ၊ မီကာရစ်ချတ်စ်တို့ရဲ့ မေးမြန်းမှုကို လူကာကူက အခုလို ဖြေကြားခဲ့ပါတယ်။
"ချန်ပီယံလိဂ်နဲ့ ကိုပါအီတာလီယာ ချန်ပီယံဖြစ်နိုင်တဲ့ အခွင့်အရေး ကျွန်တော်တို့မှာရှိပါတယ်"
Photos: Getty Images