■  ရွက်ပုံးသီးကြယ်ပွင့်တွေ ထွက်ပေါ်လာနိုင်တဲ့ ၂၀၂၃ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ

■  ရွက်ပုံးသီးကြယ်ပွင့်တွေ ထွက်ပေါ်လာနိုင်တဲ့ ၂၀၂၃ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ
Photos: FIFA & Getty Images
Photos: FIFA & Getty Images
Published 19 May 2023
Lin Oo Eain

FIFA ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမယ့်စနေည မေ (၂၀) ရက်မှာ စတင်ကျင်းပသွားမှာဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်က စတင်ကျင်းပတဲ့ အခုပြိုင်ပွဲကို (၂)နှစ်တစ်ကြိမ်ပုံမှန်ကျင်းပခဲ့ပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာတော့ COVID-19 ပြဿနာကြောင့် ရွှေ့ဆိုင်းခဲ့တာပါ။ ဒါကြောင့် ဒီပြိုင်ပွဲဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်း (၄)နှစ်အကြာမှ ပထမဆုံးပြန်လည်ကျင်းပတဲ့ ပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ်ထူးခြားချက်တစ်ခုလည်း ရှိပါသေးတယ်။ အခု ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အင်ဒိုနီးရှား နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ နိုင်ငံရေးပြဿနာတွေကြောင့် FIFA က ပယ်ဖျက်ခဲ့ပြီး အာဂျင်တီးနားနိုင်ငံကို ပြန်လည်ရွေးချယ်ခဲ့တာပါပဲ။ ဒါကြောင့် အာဂျင်တီးနားနိုင်ငံဟာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို (၂၁)ရာ စုအတွင်း ဒုတိယအကြိမ်မြောက် လက်ခံကျင်းပခွင့်ရရှိခဲ့ပြီး ပြိုင်ပွဲသမိုင်းမှာလည်း အိမ်ရှင်အဖြစ် (၂)ကြိမ်လက်ခံကျင်းပခွင့် ရရှိတဲ့ ပထမဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

 

Most Read

Most Recent