■ မော်ရင်ဟိုခေတ် ပြန်ဖြစ်လာဦးမလား

■ မော်ရင်ဟိုခေတ် ပြန်ဖြစ်လာဦးမလား
Photo : Getty Images
Photo : Getty Images
Published 17 May 2023
Wai Yan Aung

ရိုးမားကို မရောက်ခင် နှစ်ကာလတွေမှာ မော်ရင်ဟိုခေတ် ကုန်တော့မယ်၊ မော်ရင်ဟိုခေတ် ကုန်ပြီဆိုတဲ့ အသံတွေ တော်တော်လေးထွက်ပေါ်ခဲ့ဖူးတယ်။ ဒါက အရင်လောက် ရလဒ်ကောင်းတွေ မရယူနိုင်တော့တာ၊ အရင်လောက် ဆုဖလားအောင်ပွဲတွေ မရယူနိုင်တော့တာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ပြီးတော့ ဂွါဒီယိုလာ၊ ယာဂန်ကလော့ပ်တို့ ပိုကျော်ကြားလာတာနဲ့ လူငယ်နည်းပြတွေ ပိုပြီးထွန်းကားလာတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ပေါ်တူဂီကနေ ထွက်ခွာလာခဲ့တဲ့နောက် မော်ရင်ဟိုက နာမည်ကျော်ထိပ်တန်းအသင်းတွေကို တစ်သင်းပြီးတစ်သင်း ကိုင်တွယ်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ မန်ယူအသင်းကို ကိုင်တွယ်ပြီးနောက်မှာ စပါး၊ ရိုးမား စသဖြင့် နိမ့်ဆင်းသလိုဖြစ်ခဲ့တာကြောင့်လည်း မော်ရင်ဟိုခေတ်ကုန်ပြီလို့ ပြောချင်စရာဖြစ်ခဲ့ရတာပါ။ ဒီအတိုင်းဆို ထိပ်သီးအသင်းတွေကို ကိုင်တွယ်ခွင့်ရတော့မှာ မဟုတ်ဘူးလို့ ထင်ကြေးပေးမှုတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ရိုးမားနည်းပြဘဝ ပထမဆုံးရာသီမှာပဲ ကွန်းဖရန့်လိဂ်ဖလား ရယူနိုင်ခဲ့သလို၊ ဒုတိယရာသီမှာ ယူရိုပါလိဂ်ဖလား ထပ်ရနိုင်တဲ့အနေအထား ရောက်လာတဲ့နောက်မှာတော့ မော်ရင်ဟိုအတွက် အခွင့်အလမ်းတံခါးတွေ ပြန်ပွင့်လာခဲ့ပါတယ်။ မော်ရင်ဟိုခေတ် ပြန်ဖြစ်လာဦးမှာလားလို့ မျှော်လင့်ချင်စရာလည်း ဖြစ်လာခဲ့ပါတယ်။ တချို့ကတော့ မော်ရင်ဟိုအနေနဲ့ ရိုးမားလို အသင်းနဲ့ ယူရိုပါလိဂ်ဖလား ရယူနိုင်ခဲ့ရင် မန်စီးတီးနဲ့ ဂွါဒီယိုလာ ချန်ပီယံလိဂ်ဖလားယူနိုင်တာထက်တောင် ပိုပြီးချီးကျူးစရာကောင်းလိမ့်မယ်လို့ ဆိုနေကြပါတယ်။

 

Most Read

Most Recent