မန်စီးတီးအသင်းအနေနဲ့ ဖလား (၃)လုံးချန်ပီယံအောင်ပွဲအတွက် လက်ကျန်ပွဲစဉ် (၅)ပွဲ (သို့မဟုတ်) (၆)ပွဲအထိကစားရဖို့ကျန်နေသေးပြီး ဒါဟာ မန်စီးတီးအသင်းရဲ့သမိုင်းသစ်ကို အဆုံးအဖြတ်ပေးမယ့် ခြေလှမ်းတွေပါပဲ။ ဒီစိန်ခေါ်မှုခြေလှမ်းတွေ ကို ပြန်သုံးသပ်ကြည့်မယ်ဆိုရင် မန်စီးတီးအသင်းအတွက် အခက်ခဲဆုံးသော အတားအဆီးဖြစ်လာမှာက အသင်းအတွက်သာမက၊ နည်းပြဖြစ်သူဂွါဒီယိုလာအတွက်ပါ ကျိန်စာဆိုးတစ်ခုလိုဖြစ်နေတဲ့ ချန်ပီယံလိဂ်တိုက်ပွဲပါပဲ။ ပြောရမယ်ဆိုရင် ချန်ပီယံ လိဂ်ဟာ မန်စီးတီးအသင်းရဲ့ ခမ်းနားပြည့်စုံသော သမိုင်းစာမျက်နှာအတွက် တစ်ခုတည်းသောလိုအပ်ချက်ဖြစ်ပြီး၊ အသင်းရဲ့မျှော်လင့်ချက်တွေ အကြိမ်ကြိမ်ရိုက်ချိုးခံခဲ့ရတဲ့၊ အမြဲတမ်းလိုလိုဒူးထောက်ခဲ့ရတဲ့ တိုက်ပွဲလည်းဖြစ်ပြန်ပါတယ်။ ဒါကြောင့်လည်း မန်စီးတီးပရိသတ်တွေကတော့ ဒီရာသီမှာ ဖလား (၃)လုံးအောင်ပွဲရဖို့ထက်၊ ချန်ပီယံလိဂ်ဖလားရဖို့ကိုသာ အပြင်းပြဆုံးမျှော်လင့်နေပြီး ဟော်လန်းဆိုခဲ့သလို သူ့ရဲ့သွင်းဂိုးတွေနဲ့ လဲလှယ်ချင်တယ်ဆိုတဲ့ အောင်မြင်မှုဟာလည်း ချန်ပီယံလိဂ်ဆုဖလားသာ အဓိကဖြစ်ပါလိမ့်မယ်။
မျှော်လင့်ခြင်းနဲ့ အိပ်မက်တို့ပေါင်းစုံသောအခါ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။