အဲဗာတန် တန်းမဆင်းဖူးသေးပါ

အဲဗာတန် တန်းမဆင်းဖူးသေးပါ
Photos: AFP
Photos: AFP
Published 13 May 2023
Wai Yan Aung

ရှောင်ဒိုက် လက်ထက်မှာလည်း ရှုံးမြဲရှုံးဆဲဆိုပေမဲ့ အမှတ်တွေ ပိုစုဆောင်းနိုင်ခဲ့တာကြောင့် တန်းဆင်းဇုန်အပြင်ဘက်ကို ရောက်လာပါတယ်။ လက်ရှိပရီးမီးယားလိဂ်က တန်းဆင်းဇုန်တိုက်ပွဲမှာ (၆)သင်းဆင်နွှဲရမယ့် အနေအထားပါ။ အောက်ဆုံးကစပြောရင် ဆောက်သမ်တန်၊ လိဒ်စ်၊ လက်စတာ၊ အဲဗာတန်၊ နော်တင်ဟမ်ဖောရက်စ်နဲ့ ဝက်စ်ဟမ်းတို့ပါ။ အောက်ဆုံးက ဆောက်သမ်တန်အသင်းပဲ အမှတ်ပြတ်ကျန်ခဲ့ပြီး အဆင့်(၁၈)က လက်စတာနဲ့ အဆင့်(၁၉)က လိဒ်စ်တို့က အဲဗာတန်နဲ့ (၂)မှတ် ကွာ၊ အမှတ်(၃၀)စီ ရရှိထားတာကြောင့် စိတ်လှုပ်ရှားစရာအမှတ်လုပွဲတွေကို မြင်တွေ့ရမယ့်အလား အလာရှိနေပါတယ်။ မာဆေးဆိုက်ဒ်နှစ်သင်းရဲ့ ကံကြမ္မာက ဘယ်လိုဖြစ်လာမလဲ။ တစ်သင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့၊ တစ်သင်းက တန်းဆင်းအန္တရာယ်ကလွတ်ဖို့ ကြိုးစားနေကြတဲ့ အခြေအနေမှာ ထွက်ပေါ်လာမယ့်အဖြေက ဘယ်လိုများ ဖြစ်လာမလဲ။ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာတော့ အဲဗာတန် တန်းမဆင်းဖူးသေးပါ။

 

Most Read

Most Recent