ဘယ်လာရုစ်နိုင်ငံတွင် မြန်မာလဝကဝန်ကြီးနှင့် ဘယ်လာရုစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန First Deputy Minister တွေ့ဆုံ၍ လူဝင်မှုကြီးကြပ်ရေးနှင့် BIOMETRIC နည်းပညာသုံး အမျိုးသားစိစစ်ရေး ကတ်စနစ်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ ဆွေးနွေး

ဘယ်လာရုစ်နိုင်ငံတွင် မြန်မာလဝကဝန်ကြီးနှင့် ဘယ်လာရုစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန First Deputy Minister တွေ့ဆုံ၍ လူဝင်မှုကြီးကြပ်ရေးနှင့် BIOMETRIC နည်းပညာသုံး အမျိုးသားစိစစ်ရေး ကတ်စနစ်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ ဆွေးနွေး
Published 5 May 2023

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ဘယ်လာရုစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန First Deputy Minister Major General Nazarenko Yuryi Gennadievich ဘယ်လာရုစ်တွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

ဘယ်လာရုစ်သမ္မတနိုင်ငံ ပြည်ထဲရေးဝန်ကြီး Lt General Ivan Kubrakob ၏ ဖိတ်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းနှင့်အဖွဲ့သည် မေ ၁ ရက် ညနေ ၅ နာရီခွဲတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာပြီး မေ ၂ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီ မိနစ် ၂၀ တွင် ဘယ်လာရုစ် သမ္မတနိုင်ငံ မင့်စ်ခ် (Minsk) အမျိုးသားလေဆိပ်သို့ရောက်ရှိကရာ ဘယ်လာရုစ်သမ္မတနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဌာနမှူး Colonel Mr.Begun Alexey Yurievich နှင့် တာဝန်ရှိသူများက အဆိုပါလေဆိပ်၌ ကြိုဆိုခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် မေလ ၃ ရက် နံနက်ပိုင်းတွင် မင့်စ်ခ်မြို့ရှိ ပြည်ထဲရေးဝန်ကြီး ဌာနဧည့်ခန်းမ၌ ပြည်ထဲရေးဝန်ကြီးဌာန First Deputy Minister Major General Nazarenko Yuryi Gennadievich ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဘယ်လာရုစ်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးနှင့် BIOMETRIC နည်းပညာသုံး အမျိုးသားစိစစ်ရေး ကတ်စနစ်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို အပြန်အလှန်အမြင် ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင့်စ်ခ်မြို့ရှိ အမျိုးသားအီလက်ထရောနစ် ဗဟိုထိန်းချုပ်ကွပ်ကဲရေး စင်တာသို့သွားရောက်ကြည့်ရှုလေ့လာကြရာ Director Gradusof Roman Anatovich နှင့်တာဝန်ရှိသူများက ဘယ်လာရုစ်နိုင်ငံ၏ e-ID စနစ် အကောင်ထည်ဖော်ဆောင်ရွက်နေမှုအခြေနေများ၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် ဒစ်ဂျစ်တယ်စနစ်ဖြင့် ဆောင်ရွက်မှုအခြေအနေများ၊ သတင်းအချက်အလက်စနစ်ပေါ်ပေါက်လာပုံနှင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုစနစ်အတွက် လိုအပ်သည့် အရင်းအမြစ်များ၊ အမျိုးသား ဒစ်ဂျစ်တယ်ဝန်ဆောင်မှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့မှုနှင့် လက်ရှိအသုံးပြုဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြသရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့် e-ID စနစ်အကောင်ထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးပြောကြားကာ သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရသည်။

Most Read

Most Recent