ရီးယဲလ်မက်ဒရစ်တောင်ပံကစားသမား အီဒင်ဟာဇက်က နည်းပြ အန်ဆယ်လော့တီနဲ့ စကားမပြောဖြစ်တာ ကြာပြီလို့ ပြီးခဲ့တဲ့လထဲမှာ ဖွင့်ဟခဲ့ဖူးတယ်။ ဟာဇက်က ကစားသမားဘဝမှာ အသင်းဖော်တွေ၊ နည်းပြတွေနဲ့ ပြဿနာ သိပ်မရှိတဲ့သူ၊ ပရော်ဖက်ရှင်နယ် ပီသတဲ့သူတစ်ယောက် ဖြစ်ခဲ့တဲ့အတွက် သူ့ရဲ့ဖွင့်ဟချက်က အံ့အားသင့်စရာ ဖြစ်ခဲ့တယ်။ သတင်းထောက်တွေက အန်ဆယ်လော့တီကို ဒီအကြောင်းမေးမြန်းချိန်မှာ ရီးယဲလ်နည်းပြက အဲဒီပြောကြားချက်မှန်ကန်ကြောင်း အတည်ပြုခဲ့တယ်။ ဒီရက်ပိုင်းအတွင်းမှာလည်း အန်ဆယ်လော့တီက အဲဒီလို ဆင်တူစကားမျိုး ထပ်ပြောထားပြန်တယ်။ သူ့အနေနဲ့ ကစားသမားတွေနဲ့ စကားအများကြီး ပြောလေ့မရှိပေမဲ့ စကားပြောချင်တဲ့သူတွေ အချိန်မရွေးလာနိုင်ဖို့ ရုံးခန်းတံခါးကို အမြဲဖွင့်ထားတယ်လို့ အန်ဆယ်လော့တီက ဆိုတယ်။ ဒါက ဟာဇက်အတွက် ရည်ရွယ်မှန်းအားလုံးသိထားကြပြီးသား။ ဒီအခြေအနေရောက်အောင် ဟာဇက်နဲ့ အန်ဆယ်လော့တီတို့ကြား ဘယ်လို ပြဿနာတွေ ရှိနေခဲ့တာလဲ မေးခွန်းထုတ်ချင်စရာပါ။
အန်ဆယ်လော့တီနဲ့ ဟာဇက် ဆက်ဆံရေး
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။