ဟော်လန်းနဲ့ သွင်းဂိုးတွေဟာ ခွဲခြားမရနိုင်ဘူး။ ဘာပေလို ကိုယ်စားပြုရာနိုင်ငံ ကံမကောင်းလို့ အခမ်းနားဆုံးအောင်ပွဲတွေ ပိုင်ဆိုင်ခွင့်မရသေးပေမယ့် ဟော်လန်းဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးဖြတ်သန်းနေပြီ။ ဘာပေထက် သတ္တိရှိစွာ မက်ဆီ၊ စီရော်နယ်လ်ဒို ခေတ်လွန် ဘောလုံးကမ္ဘာရဲ့ GOAT အသစ်ဖြစ်ဖို့ အားယူနေပါပြီ။ ဟော်လန်း က မက်ဆီလိုမျိုး ပါရမီရှင်ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ မက်ဆီထက်ဂိုးတွေ ပိုသွင်းနိုင်မလား ဆိုပြီး စိတ်ကူးယဉ်ခွင့်ရှိနေတယ်။ စီရော်နယ်လ်ဒိုက သူ့ကိုယ်သူ ပြင်းပြင်းထန်ထန်မောင်းနှင်ပြီး စက်ရုပ်လူသားဘဝ ခံယူခဲ့တယ်။ ဟော်လန်းက စီရော်နယ်လ်ဒိုလို သဘောထားမျိုး ရှိနေပြီး သူ့ရဲ့ ပြင်ပလူနေမှုဘဝနဲ့ စားသောက်မှုပုံစံကို သိပ်ပြီးဂရုစိုက်တယ်။ ဟော်လန်းရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံက ထည်ဝါပါတယ်။ တစ်ခါတလေမှာ သူ့ဆီကနေ ခန့်မှန်းမရနိုင်တဲ့ စွမ်းအင်တွေ ထွက်လာတာ မြင်ရတယ်။ ကစားပွဲအတွင်းမှာ ဘောလုံးထိချက်နည်းလို့ ဟော်လန်း ဝေဖန်ခံရေပေမယ့် လိုအပ်ချိန်မှာ ဟော်လန်း ရုန်းကန်ပြတာ သိပ်ပြီးကြောက်စရာ ကောင်းတယ်။ ဘာလို့များ သူ အဲဒီလောက်သန်မာနေတာလဲ။
အနာဂတ် GOAT ရဲ့စားသောက်နေထိုင်မှုဘဝ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။