ဟာရီကိန်း၊ လီဗီနှင့် ဆက်ရှိရန် သင့်မသင့်

ဟာရီကိန်း၊ လီဗီနှင့် ဆက်ရှိရန် သင့်မသင့်
Photo: Getty Images
Photo: Getty Images
Published 29 April 2023
Wai Yan Aung

လီဗီရဲ့ ဦးဆောင်မှုအောက် ရောက်ရှိခဲ့တဲ့နောက် စပါးအသင်းရဲ့ အောင်မြင်မှုက ၂၀၀၇-၀၈ ရာသီက လိဂ်ဖလားတစ်လုံးသာ ရှိခဲ့ပေမဲ့ အသင်းက အများကြီး တိုးတက်ကြီးထွားလာတာတော့ အမှန်ပါပဲ။ လီဗီက ခေတ်မီဆန်းသစ်မှုအရှိဆုံး ကွင်းသစ်ကြီး ပိုင်ဆိုင်အောင်လည်း လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ တခြားအသင်းတွေလို လစာဖောင်းပွမှုမရှိအောင်လည်း ထိန်းသိမ်းထားနိုင်ခဲ့တာကြောင့် စံချိန်တင်အမြတ်ငွေရရှိတဲ့ရာသီတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါတွေရဲ့ ဆိုးကျိုးအနေနဲ့ ကစားသမားကောင်းတွေကို မထိန်းသိမ်းနိုင်တာ၊ ထိပ်တန်းက စားသမားတွေကို မခေါ်ယူနိုင်တာမျိုးတွေ ရှိလာပါတယ်။ အပြောင်းအရွှေ့စျေးကွက်မှာ ငွေကြေးသုံးစွဲမှုနည်းပါးတာကြောင့် ပရိသတ်တွေက အလိုမကျဖြစ်ပြီး အသင်းကိုရောင်းထုတ်ဖို့ တောင်းဆိုမှုတွေလည်း ရှိလာခဲ့ပါတယ်။ ဆုဖလားမရယူနိုင်တဲ့ အသင်းဆိုတာက စပါးပရိသတ်တွေအတွက် နာကျင်စရာအကောင်းဆုံးဂုဏ်ပုဒ်ဖြစ်နေခဲ့ပြီး မော်ရင်ဟို၊ ကွန်တီတို့လို ထိပ်တန်းနည်းပြတွေလည်း မကယ်တင်နိုင်တဲ့နောက်မှာတော့ လီဗီကို ဖယ်ရှားပစ်ဖို့ တောင်းဆိုမှုတွေ ပိုမိုမြင့်တက်လာခဲ့တာပါပဲ။

 

Most Read

Most Recent