ဘာစီလိုနာအသင်းရဲ့ အသက် (၂၀) အရွယ် စပိန်ကွင်းလယ်လူ ပတ်ဒရီက ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက အသင်းရဲ့ အဓိကကစားသမားအဖြစ် ပွဲထွက်ကစားနေသူပါ။ ဒီရာသီမှာလည်း ပတ်ဒရီက ဘာစီလိုနာရဲ့ အသက် သွေးကြောအဖြစ် ကစားနေပြီး လာလီဂါသွင်းဂိုး (၆)ဂိုး သွင်းယူပေးထားပါတယ်။ ဘာစီလိုနာနည်းပြ ဇာဗီကိုယ်တိုင်က ပတ်ဒရီနဲ့ ဒီယွန်းက အခြားကစားသမားတွေထက် တမူထူးခြားသူတွေအဖြစ် ချီးကျူးထားပါတယ်။ ဘာစီလိုနာနဲ့ ပထမဆုံး လာလီဂါချန်ပီယံဆုရယူဖို့ ကြိုးစားနေတဲ့ ပတ်ဒရီရဲ့ အင်တာဗျူးကို ဖော်ပြလိုက်ပါတယ် . . .
■ "ဘာစီလိုနာက ပတ်ဒရီကို မှီခိုနေရတာ မဟုတ်ပါဘူး" - ဘာစီလိုနာလူငယ်ကွင်းလယ်ကစားသမား ပတ်ဒရီနှင့် တွေ့ဆုံခြင်း
Photos: Getty Images