ပြီးခဲ့တဲ့ရက်ပိုင်းက ကစားခဲ့တဲ့ ပြင်သစ်လီဂူးပွဲမှာ လန်းစ်က မိုနာကိုကို (၃-ဝ)ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တယ်။ လန်းစ်အသင်းဟာ အဓိကပြိုင်ဘက်လို့ဆိုရမယ့် မိုနာကိုကို အိမ်ကွင်းမှာ နောက်ကောက်ချနိုင်ခဲ့တာဖြစ်ပြီး ဒီနိုင်ပွဲကြောင့် လန်းစ်အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကလည်း ပိုမိုတောက်ပလာခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ လန်းစ်အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး အိုပန်ဒါက (၂)ဂိုးသွင်းခဲ့တယ်။ အိုပန်ဒါရဲ့ အခုရာသီ လီဂူး သွင်းဂိုးအရေအတွက်ဟာလည်း (၁၇)ဂိုးအထိ ရှိလာခဲ့ပြီး လန်းစ်အသင်းရဲ့ ဂိုးသွင်းစက်အသစ်ဖြစ်တယ်လို့ သူ့ကို ပြင်သစ်မီဒီယာတွေက ညွှန်းဆိုကြပါတယ်။
■ ပြင်သစ်မြေမှာ တောက်ပနေတဲ့ ဘယ်လ်ဂျီယံကြယ်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။