ကုမ္ပဏီများအား ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု ရှိ မရှိနှင့် တည်ဆဲဥပဒေများ လိုက်နာမှု ရှိ မရှိ စိစစ်မည်ဖြစ်ကြောင်း DICA အသိပေး

ကုမ္ပဏီများအား ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု ရှိ မရှိနှင့် တည်ဆဲဥပဒေများ လိုက်နာမှု ရှိ မရှိ စိစစ်မည်ဖြစ်ကြောင်း DICA အသိပေး
Published 6 April 2023

ကုမ္ပဏီများအား ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု ရှိ မ ရှိနှင့် တည်ဆဲဥပဒေများ လိုက်နာမှု ရှိ မရှိ စိ စစ်မည်ဖြစ်ကြောင်း  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန  DICA က အသိ ပေးကြေညာချက် ထုတ်ပြန်ထားသည်။

ကုမ္ပဏီများ စီးပွားရေးလုပ်ငန်းဆောင် ရွက်ရာတွင် ဥပဒေနှင့်အညီ လိုက်နာဆောင် ရွက်သော အလေ့အထဖြစ်ပေါ်စေရန်နှင့် ဥပဒေသတ်မှတ်ချက်များနှင့်အညီဖြစ်စေ ရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် လိုအပ်သော ကြီးကြပ်မှုများ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ ကုမ္ပဏီများနှင့် ဒါရိုက်တာ များ၊ ပါဝင်သူများအနေဖြင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများအား လိုက်နာမှု ရှိ မရှိ စိ စစ်နိုင်ရန်နှင့် ငွေကြေးခဝါချမှုနှင့် အကြမ်း ဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များအား အထောက်အပံ့ပြုနိုင် ရေးအတွက် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၉၇ အရ ကုမ္ပဏီတစ်ခု စတင်မှတ်ပုံ တင်ပြီးနောက်နှစ်လအတွင်း တင်ပြရမည့် နှစ်စဉ် အစီရင်ခံစာတင်ပြသည့်အချိန်တွင် အောက်ပါအချက်များ ပူးတွဲတင်ပြရမည် ဖြစ်သည်။

ကုမ္ပဏီအမည်ဖြင့် ဘဏ်စာရင်းတစ်ခု ဖွင့်လှစ်ရမည်ဖြစ်ပြီး Myco စနစ်တွင် တင် ပြထားသည့် အစုရှယ်ယာများ၏ ပေးချေ ရန်တန်ဖိုး- Paid up capital အတိုင်း ဘဏ် စာရင်းတွင် ထည့်သွင်းပြီးကြောင်း အထောက် အထား၊ ကုမ္ပဏီဒါရိုက်တာအဖြစ် ဖော်ပြထား သော တစ်ဦးချင်းစီအတွက် နိုင်ငံသားစိစစ် ရေးကတ်မိတ္တူနှင့် ပုံစံ ‘ကတွင် ဖော်ပြထား သည့် ဒါရိုက်တာ၏နေရပ်လိပ်စာတွင် အမှန် တကယ်နေထိုင်ကြောင်း သက်ဆိုင်ရာမြို့ နယ်ရဲတပ်ဖွဲ့၏ထောက်ခံချက်၊ နိုင်ငံခြားသား များအတွက် “၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ၊ မှတ်ပုံတင်ရေး စည်းကမ်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားရှိသော အထောက်အထား (ဥပမာ- immigration form – C တို့ တင်ပြ ရမည်ဖြစ်သည်။

ထို့ပြင် Myco စနစ်တွင် ဖော်ပြထား သည့် ကုမ္ပဏီ၏ မှတ်ပုံတင်ရုံးခန်းလိပ်စာ သည် မြေပြင်တွင် အမှန်တကယ်တည်ရှိ ကြောင်းနှင့် ကုမ္ပဏီရုံးခန်းဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက်ထားကြောင်း သက်ဆိုင်ရာ မြို့ နယ်ရဲတပ်ဖွဲ့၏ ထောက်ခံချက်၊ ကုမ္ပဏီ၏ မှတ်ပုံတင်စာရင်းတွင် ဖော်ပြထားသည့် ကုမ္ပ ဏီ၏ ပါဝင်သူ (အစုရှယ်ယာရှင်) သည် လူ ပုဂ္ဂိုလ်ဖြစ်ပါက အထက်အပိုဒ်ခွဲ (ခ) ပါ အ ထောက်အထားများ၊ ကုမ္ပဏီ၏ မှတ်ပုံတင် စာရင်းတွင် ဖော်ပြထားသည့် ကုမ္ပဏီ၏ပါဝင် သူ (အစုရှယ်ယာရှင်) သည် ဥပဒေရေ းရာ        ပုဂ္ဂိုလ်/တရားဝင် အဖွဲ့အစည်းဖြစ်ပါက အဖွဲ့ အစည်းနှင့် သက်ဆိုင်သော အထောက်   အထားများ တင်ပြရမည်ဖြစ်သည်။

ကုမ္ပဏီအသစ်တစ်ခု စတင်မှတ်ပုံတင် သူများအနေဖြင့် အထက်ဖော်ပြပါအချက် များကို ယခုအသိပေးကြေညာချက်ထုတ်ပြန် သည့်နေ့မှစ၍ အပြည့်အဝလိုက်နာဆော င် ရွက်၍ [email protected] သို့ ပြန်လည်တင်ပြလာပြီး နောက်မှသာ မှတ် ပုံတင်အရာရှိအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီ များဥပဒေပုဒ်မ ၉၇ အရ ကုမ္ပဏီ စတင်မှတ် ပုံတင်ပြီးနောက် နှစ်လအတွင်း တင်ပြရမည့် နှစ်စဉ်အစီရင်ခံစာတင်ပြခြင်းကို ခွင့်ပြုသွား မည်ဖြစ်ကြောင်းနှင့် အပြည့်အဝ လိုက်နာ ဆောင်ရွက်ခြင်းမရှိသော နှစ်စဉ်အစီရင်ခံစာ တင်ပြမှုများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံကုမ္ပ ဏီများဥပဒေပုဒ်မ ၄၃၀ (ဃ)အရ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ် နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

Most Read

Most Recent