ကာတာသူဌေးတွေက မန်ချက်စတာယူနိုက်တက်ကို ဝယ်ဖို့အတွက် အဓိကပြိုင်ဆိုင်ရမှာက ဗြိတိန်လူမျိုး ဘီလျံနာတစ်ဦးဖြစ်တဲ့ ဆာရက်ကလစ်ဖ်။ ဆာရက်ကလစ်ဖ်က ဗြိတိန်ရဲ့ အချမ်းသာဆုံးလို့ ပြောလို့ရပေမဲ့ ကာတာတွေရဲ့ ငွေကြေးကို ယှဉ်နိုင်ဖို့တော့ မရှိဘူး။ ဒါပေမဲ့ အသင်းကို ကောင်းကောင်းဦးဆောင်နိုင်လောက်တဲ့ ငွေကြေးနဲ့ စီမံခန့်ခွဲမှုအပိုင်း ရှိတယ်။ သူ့ရဲ့အဓိကအားသာချက်က မန်ချက်စတာယူနိုက်တက်အနေနဲ့ သူနဲ့သာ အရောင်းအဝယ်လုပ်ရင် နောက်ဆက်တွဲပြဿနာတွေမရှိနိုင်ဘူး။ နောက်ဆက်တွဲ ပြဿနာဆိုတာက လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ရှုထောင့်ကနေ ထွက်ပေါ်လာမယ့် စိန်ခေါ်မှုတွေ၊ ပြစ်တင်ဝေဖန်မှုတွေဖြစ်တယ်။ ကာတာသူဌေးတွေ ဝယ်ယူဖို့ကိစ္စနဲ့ ပတ်သက်ပြီး အိုးလ်ထရက်ဖို့ဒ်နဲ့ နီးစပ်သူတစ်ယောက်က ပြောပြခဲ့တာရှိတယ်။ "သူတို့က သူတို့ သတ်မှတ်ထားတဲ့ ငွေကြေးထက် လုံးဝပိုမပေးဘူးလို့ ပြောနေတယ်"လို့ ဖွင့်ဟခဲ့တယ်။ ဂလေဇာမိသားစု လိုချင်တာက ပေါင် (၆) ဘီလီယံလောက်ဖြစ်ပြီး ကာတာသူဌေးတွေကတော့ ပေါင် (၄) ဘီလီယံပဲ ပေးချင်တယ်။ တကယ်တော့ စျေးကစားခြင်း၊ စျေးကိုင်ခြင်း အနုပညာပါပဲ။ ဒီဂိမ်းကို သူတို့ ကစားရမှာ။ မန်ချက်စတာယူနိုက်တက်ကို ပေါင် (၄) ဘီလီယံနဲ့ အရောင်းအဝယ်တည့်ဖို့ဆိုတာ ဖြစ်ကိုမဖြစ်နိုင်ဘူး။
တကယ်ရောင်းမှာလား ပွဲဆူရုံလား
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။