ရီးယဲလ်အသင်းကို ကိုင်တွယ်ဖို့ စပိန်စကားသင်နေတယ်လို့ သတင်းထွက်ခဲ့တဲ့ သောမတ်စ်တူဟယ်လ်က အခုတော့ ဆိုင်းမဆင့်ဗုံမဆင့်ဆိုသလိုပဲ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ မြန်ဆန်တဲ့ နည်းပြအပြောင်းအလဲပြုလုပ်မှုမှာ မထင်မှတ်တာတွေ အံ့အားသင့်ဖွယ်ဖြစ်ပျက်ခဲ့တာပါ။ နည်းပြ နာဂယ်စ်မန်းကို ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တာက မြန်ဆန်လွန်းသလို၊ သောမတ်စ်တူဟယ်လ်ကို ခန့်အပ်ဖို့ ဆုံးဖြတ်လိုက်တာကလည်း မြန်ဆန်လွန်းခဲ့ပါတယ်။ နာဂယ်စ်မန်းကို အခွင့်အရေးပေးသင့်သေးတယ်လို့ ယူဆသူတချို့ရှိပေမဲ့ ဒီအချိန်မှာ နည်းပြအပြောင်းအလဲလုပ်လိုက်တာ မှန်ကန်တယ်လို့ ယူဆသူတွေလည်း အများကြီးပါပဲ။ အထူးသဖြင့် သောမတ်စ်တူဟယ်လ်လို ထိပ်တန်းနည်းပြတစ်ယောက် အသင်းလက်မဲ့ဖြစ်နေချိန်မှာ ဘိုင်ယန်မြူးနစ်အသင်း လက်ဦးမှုယူနိုင်ခဲ့တယ်လို့ သုံးသပ်ကြတာပါ။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အမှုဆောင်ချုပ်ဖြစ်တဲ့ အိုလီဗာခန်းကတော့ တူဟယ်လ် ရဲ့ နည်းပြဘဝ ကိုယ်ရေးရာဇဝင်က အထင်ကြီးစရာကောင်းလွန်တာကြောင့်လို့ ဆိုခဲ့ပါတယ်။
သောမတ်စ်တူဟယ်လ်ရဲ့ ဂျာမန်မြေသို့ ဂငယ်ကွေ့
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။