အိုင်ဗန်တိုနေးက အင်္ဂလန်အတွက် ဘာတွေယူဆောင်လာပေးနိုင်လဲ

အိုင်ဗန်တိုနေးက အင်္ဂလန်အတွက် ဘာတွေယူဆောင်လာပေးနိုင်လဲ
Photos: Getty Images
Photos: Getty Images
Published 25 March 2023
Al Nino

ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်တွေအတွက် အင်္ဂလန်လူစာရင်းမှာ နည်းပြဆောက်ဂိတ်က အိုင်ဗန်တိုနေး ရွေးချယ်ခဲ့ပါတယ်။ အိုင်ဗန်တိုနေးက ဒီရာသီ ပရီးမီးယားလိဂ်မှာ သောမတ်စ်ဖရန့်ခ်ရဲ့ အသင်းအတွက် (၁၆)ဂိုး သွင်းထားပြီး ဟော်လန်း၊ ဟာရီကိန်းတို့နဲ့အတူ ဂိုးအများဆုံးသွင်းထားတဲ့ စာရင်းရဲ့ ထိပ်ပိုင်းမှာ ရှိနေသူပါ။ ဟော်လန်းရဲ့ ကြောက်ခမန်းလိလိသွင်းဂိုးတွေကြောင့်သာ ကိန်း နဲ့ တိုနေးတို့ရဲ့ စွမ်းဆောင်ရည်က တိမ်မြုပ်သလို ဖြစ်နေခဲ့တာ။ တကယ်တော့ စပါးလို အသင်းအတွက် ဂိုး(၂၀)သွင်းထားတဲ့ ဟာရီကိန်းနဲ့ ဘရန့်ဖို့ဒ်အတွက် (၁၆)ဂိုး သွင်းထားတဲ့ တိုနေးတို့ရဲ့ ခြေစွမ်းတွေက မဖြစ်မနေ အသိအမှတ်ပြုသင့်တယ်။ အိုင်ဗန်တိုနေးက အခုမှ လက်ရွေးစင်အသင်းအတွက် ပထမဆုံး အရွေးခံရတာဖြစ်ပြီး သူ့ အတွက် စိန်ခေါ်မှုက ဟာရီကိန်းလို တိုက်စစ်မှူးနဲ့ နေရာလုရမှာပဲ။ ဘရန့်ဖို့ဒ်နည်းပြ ဖရန့်ခ်မှာလည်း ကာရေဂါလို အမြင်မျိုးရှိတယ်။ တိုနေးမှာ ကိန်းနဲ့ ဆင်တူတဲ့ အရည်အသွေးတွေ ရှိတယ်လို့ သူက သုံးသပ်တယ်။

 

Most Read

Most Recent