ဒီတစ်ပတ်တော့ စပိန်အသင်းရဲ့ ခေတ်သစ်တစ်ခုကိုစတင်တော့မယ်။ နည်းပြသစ်၊ အသင်းသစ်နဲ့ စပိန်အသင်းရဲ့ ခေတ်သစ်အဝင်က စိတ်ဝင် စားစရာတော့ကောင်းနေတယ်။ စပိန်ရဲ့ ရွှေရောင်နေ့ရက်တွေအဆုံးသတ်သွားပြီးနောက် နောက်ထပ်ရွှေရောင်မျိုးဆက်တစ်ခုကို မွေးဖွားနိုင်ဖို့ စပိန်အသင်းကြိုးစားခဲ့ပေမဲ့ ဖြစ်မလာသေးဘူး။ နည်းပြဟောင်း အင်းနရစ်လက်ထက်မှာ စပိန်အသင်း က ယူရို-၂၀၂၀ မှာဆီမီးဖိုင်နယ်ရောက်တယ်။ ၂၀၂၀-၂၁ ရာသီ UEFA Nations League မှာ ဗိုလ်လုပွဲအထိတက်နိုင်ခဲ့တယ်။ ၂၀၂၂-၂၃ ရာသီ UEFA Nations League မှာလည်း ဆီမီးဖိုင်နယ် အထိရောက်ထားခဲ့လို့ အင်းနရစ်လက်ထဲက စပိန်မျိုးဆက်ကို ၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာ မျှော်လင့်ချက်တွေထားခဲ့ကြတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလားမှာ စပိန်အသင်း ထင်သလောက်ခရီးမပေါက်ခဲ့ဘဲ ရှုံးထွက် (၁၆)သင်းအဆင့်နဲ့ ကျေနပ်လိုက်ရတယ်။ ဒါကြောင့်လည်း ၂၀၂၂ ကမ္ဘာ့ဖလားအပြီးမှာပဲ အင်းနရစ်ရဲ့ စပိန်အသင်း ခေတ်တစ်ခေတ်အဆုံးသတ်ဖို့ဖြစ်လာခဲ့တယ်။ အင်းနရစ်တစ်ယောက် စပိန်လက်ရွေးစင်အသင်းနဲ့ လမ်းခွဲခဲ့ရပြီး စပိန်အသင်းအတွက်နောက်ထပ်ခေတ်သစ်တစ်ခုကို အစပျိုးရတော့မယ်။
■ နည်းပြသစ်နဲ့ စပိန်ခေတ်သစ်တစ်ခုရဲ့ အစ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။