■ ယူရို-၂၀၂၄ နဲ့ ဂျာမနီရဲ့ စိတ်ကူးများ 

■ ယူရို-၂၀၂၄ နဲ့ ဂျာမနီရဲ့ စိတ်ကူးများ 
Photos: Twitter & Getty Images
Photos: Twitter & Getty Images
Published 24 March 2023
Phoe Thar

လာမယ့် ယူရို-၂၀၂၄ပြိုင်ပွဲဟာ ဂျာမန်ဘောလုံးလောက၊ အထူးသဖြင့် ဂျာမနီလက်ရွေးစင်အသင်း အောင်မြင်မှုတွေနဲ့ တစ်ကျော့ပြန်ထိတွေ့နိုင် ဖို့ အကြီးမားဆုံးအလှည့်အပြောင်းတစ်ခုအဖြစ် ဂျာမနီဘောလုံးတာဝန်ရှိသူတွေက မျှော်လင့်ထားကြတယ်။ ဂျာမနီဟာ ယူ-၂၀၂၄ ပြိုင်ပွဲကို အိမ်ရှင် အဖြစ်လက်ခံကျင်းပမှာဖြစ်ပြီး ၂၀၀၆ ကမ္ဘာ့ဖလားနောက်ပိုင်း ပြိုင်ပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် ပြန်လည်ကျင်းပခွင့်ရခြင်းလည်းဖြစ်ခဲ့တယ်။ ဒါ့ပြင် ဂျာမနီအတွက် ယူရို-၁၉၈၈ နောက်ပိုင်း (ထိုစဉ်က အနောက်ဂျာမနီ) ယူရိုပြိုင်ပွဲကို ဒုတိယအကြိမ်မြောက်အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခြင်းဖြစ်ပြီး ပြင်သစ် (၃ ကြိမ်)၊ အီတလီ၊ ဘယ်လ်ဂျီယံ (၂ ကြိမ်စီ)တို့နောက် ယူရိုပြိုင်ပွဲကို အိမ်ရှင်အဖြစ် (၂) ကြိမ်နဲ့အထက် ကျင်းပခွင့်ရတဲ့ တတိယမြောက်နိုင်ငံလည်းဖြစ်လာစေခဲ့ပါတယ်။ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရမယ့် ယူရို-၂၀၂၄ပြိုင်ပွဲမှာ ဂျာမနီအသင်း ဘယ်လောက်ထိအောင်မြင်ဖို့မျှော်လင့်ထားလဲ၊ ဒီပြိုင်ပွဲဟာ တအိအိနိမ့်ဆင်းနေတဲ့ ဂျာမနီဘောလုံးလောကအတွက် ဘယ်လိုအလှည့်အပြောင်းတွေ ယူဆောင်လာမှာလဲ။ 

 

Most Read

Most Recent