The Sun သတင်းစာရဲ့ အားကစားကဏ္ဍကို ဦးစီးနေတဲ့ ဗြိတိန်က နာမည်ကျော်ဝါရင့်ဆောင်း ပါးရှင်ဒေ့ဗ်ကစ်ဒ်ကတော့ အင်္ဂလန်အသင်းအနေနဲ့ ဆောက်ဂိတ်ထက် ပိုကောင်းတဲ့နည်းပြကို ရှာတွေ့ မှာမဟုတ်သလို၊ ဆောက်ဂိတ်အနေနဲ့လည်း အင်္ဂလန်နည်းပြရာထူးထက် ပိုကောင်းတဲ့ အလုပ်အကိုင်ကို ရှာတွေ့မှာမဟုတ်ဘူးလို့ ရေးသားခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်မှာ ပြင်သစ်ကို ရှုံးနိမ့်ပြီး အင်္ဂလန်အသင်း ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီးနောက် ချက်ချင်းဆိုသလိုပဲ ရေးသားခဲ့တာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆောက်ဂိတ်နဲ့ အင်္ဂလန်အသင်း ဆက်ပြီးလက်တွဲဖြစ်ပါ့မလားဆိုတာ မရေရာတဲ့ အနေအထားဖြစ်လာတာကြောင့်ပါ။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ဆောက်ဂိတ်ကို ၂၀၂၄ ဒီဇင်ဘာအထိ စာချုပ်ချုပ်ဆိုထားပေမဲ့ ၂၀၂၂-၂၃ ရာသီ UEFA Nations League ပြိုင်ပွဲမှာ တော်တော်ဆိုးဆိုး ရွားရွားဖြစ်ခဲ့ပါတယ်။ (၆)ပွဲကစားရာမှာ (၃)ပွဲသရေ၊ (၃)ပွဲရှုံးပြီး နိုင်ပွဲပျောက်ခဲ့ပါတယ်။ ဒါကြောင့် အုပ်စုအောက်ဆုံးနေရာနဲ့ League B ကို တန်းဆင်းခဲ့ရပါတယ်။ Nations League ပြိုင်ပွဲကို သိပ်တန်ဖိုးမထားကြဘူးဆိုပေမဲ့ အင်္ဂလန်အသင်းရဲ့ စွမ်းဆောင်ရည်က ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့တာတော့ အမှန်ပါပဲ။
ဆောက်ဂိတ်နဲ့ ဘယ်အထိ ရောက်နိုင်မလဲ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။