ပေါ်တူဂီကွင်းလယ်လူ ပယ်လ်ဟင်ညာက ဘောလုံးဖျက်ထုတ်ရတာကို သဘောကျတယ်။ ဒီဘာသာရပ်မှာ မာစတာတစ်ယောက်လို့တောင် ပြောလို့ရနိုင်တယ်။ ဒါကို ကွင်းထဲမှာ ကစားတဲ့အခါ အတိုင်းသားမြင်ရတယ်။ အချက်အလက်တွေက သက်သေခံနေတယ်။ ကိန်းဂဏန်းတွေက ဘယ်တော့မှ မညာဘူး။ ဖူလ်ဟမ်ပရိသတ်တွေကလည်း အဲဒီကျွမ်းကျင်မှုကြောင့်ပဲ သူ့ ကို သဘောအကျကြီးကျနေကြတာ။ အသက် (၂၇)နှစ်ရှိပြီဖြစ်တဲ့ ပယ်လ်ဟင်ညာက ဒီရာသီ ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်ဆီက ဘောလုံးဖျက်ထုတ်မှု (၁၀၂)ကြိမ်အထိ လုပ်ထားတယ်။ ဒီအရေအတွက်က အခြားခံစစ်နဲ့ ကွင်းလယ်ခံစစ်ကစားသမားတိုင်းထက် အနည်းဆုံး (၁၅)ကြိမ် ပိုများတဲ့ပမာဏဖြစ်တယ်။ နောက်ထပ် (၇)ကြိမ် ထပ်လုပ်နိုင်ရုံနဲ့ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ရဲ့ အမြင့်ဆုံးဖျက်ထုတ်မှုမှတ်တမ်းကို လိုက်မီတော့မှာဖြစ်ပါတယ်။ လက်ရှိရာသီ ဥရောပထိပ်တန်းလိဂ် (၅)ခုမှာလည်း ပယ်လ်ဟင်ညာက ဘောလုံးဖျက်ထုတ်မှု အများဆုံးပြုလုပ်ထားသူအဖြစ် ရှိနေတာပါ။ ထိပ်တိုက်ဘောလုံး ယှဉ်လုရာမှာ အနိုင်ရတဲ့အရေအတွက်လည်း (၁၉၇)ကြိမ်ရှိခဲ့ပြီး ပရီးမီးယားလိဂ်မှာ အများဆုံးဖြစ်တယ်။
ဘောလုံးဖျက်ထုတ်မှု မာစတာ ပယ်လ်ဟင်ညာ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။