ဒီဘရိုင်းနားက ပရီးမီးယားလိဂ်သွင်းဂိုး (၉၈)ဂိုး ဖန်တီးပြီးသွားပြီ။ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်အကောင်းဆုံး Playmaker တစ်ဦးအဖြစ်လည်း အသုံးတော်ခံနေပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ သူ့ရဲ့ သရဖူကို လုယူမယ့်သူ ပေါ်နေပြီ။ ဒီဘရိုင်းနား ဦးခေါင်းထက်က Assist King သရဖူကိုလုယူမယ့်သူဟာ အာဆင်နယ်က အော်ဒီဂွါပါပဲ။ အော်ဒီဂွါဟာ မကြာသေးခင်ကမှ ပရီးမီးယားလိဂ်သွင်းဂိုး (၁၀) ပြည့်သွားတယ်။ ဒါဟာ သူ့ရဲ့ ကစားသမားဘဝအကောင်းဆုံးသွင်းဂိုးမှတ်တမ်းပါပဲ။ အခြားတစ်ဖက်မှာ အော်ဒီဂွါက ဂိုးဖန်တီးမှု (၆) ကြိမ်ပြုလုပ်ထားတယ်။ ၂၀၂၀-၂၁ ရာသီမှာ အော်ဒီဂွါရဲ့ ဂိုးဖန်တီးမှုဟာ (၂)ကြိမ်ပဲ ရှိခဲ့တယ်။ အခုတစ်ရာသီပြီးတစ်ရာသီ တိုးတက်လာပြီး လက်ရှိရာသီမကုန်ဆုံးခင်မှာ (၆) ကြိမ်ရှိနေပါပြီ။ ဒီဘရိုင်းနားဘက်က ကာကွယ်လိုသူတွေက ဒီဘရိုင်းနား ပုံမှန်ပွဲထွက်ခွင့်မရလို့ အခုလိုမျိုး အော်ဒီဂွါ လူတွင်ကျယ်လုပ်နိုင်တာဆိုုပြီး ပြောချင်ပြောပါလိမ့်မယ်။ လက်ရှိအချိန်အထိလည်း ဒီဘရိုင်းနားဟာ အော်ဒီဂွါထက် ဂိုးဖန်တီးမှု (၂) ဆပိုများနေတာကငြင်းမရတဲ့အမှန်တရားတစ်ခု ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အော်ဒီဂွါရဲ့ စွမ်းရည်ကို ဘယ်သူမှ အထင်မသေးပါဘူး။
ဒီဘရိုင်းနားနဲ့ အော်ဒီဂွါ ဘယ်လိုခြားနားသလဲ၊ ဘယ်သူပိုကောင်းသလဲ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။