လီဗာပူးလ်ကို (၃)ဂိုးပြတ် ချေမှုန်းခဲ့တဲ့ပွဲက ဘရိုက်တန်လူစာရင်းရဲ့ တန်ကြေးဟာ စုစုပေါင်း ပေါင်သန်း (၅၀) ပဲ ရှိခဲ့ပါတယ်။ အဲဒီပမာဏကို ဒါဝင်နူးနက်ဇ်အတွက် လီဗာပူးလ် ပေးချေခဲ့ရတဲ့ ပေါင် (၈၅)သန်း၊ အန်ဇိုဖာနန်ဒက်ဇ်အတွက် ချယ်လ်ဆီး သုံးစွဲခဲ့တဲ့ ပေါင် (၁၀၇)သန်း စျေးနှုန်းတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ပိုပြီး သိသာ၊ မြင်သာ ရှိတယ်။ လက်ရှိ ဘရိုက်တန်ရဲ့ အရေးအကြီးဆုံး ကစားသမားတွေဖြစ်တဲ့ မီတိုမာ၊ အယ်လစ္စတာ၊ ဆိုလီမာ့ရှ်တို့ရဲ့ သုံးဦးပေါင်း တန်ဖိုးက ပေါင် (၁၀) သန်းတောင် မပြည့်ဘူး။ ကာလတစ်ခု ကြာသွားရင် သုံးဦးပေါင်းတန်ဖိုး သန်း (၁၀၀) ဆိုလည်း ဖြစ်နိုင်တယ်။ တစ်ယောက်ကို သန်း (၅၀) လည်း ဖြစ်နိုင်တာပဲ။ ဒီလို အကျိုးအမြတ်များမယ့် ရေရှည်အနာဂတ် စီမံကိန်းမျိုး ဖြစ်လာဖို့ ဘရိုက်တန်က အကွက်ကျကျ စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဘရိုက်တန်ရဲ့ အပြောင်းအရွှေ့ပေါ်လစီကို မဟာဗျူဟာကျကျ ကိုင်တွယ်နေသူက အသင်းပိုင်ရှင် တိုနီဘလွန်းပါ။ လောင်းကစား အသိုင်းအဝိုင်းကနေ ဘောလုံးလောကဆီရောက်လာသူ တိုနီဘလွန်းက အပြောင်းအရွှေ့တွေ နောက်ကွယ်မှာ ကျွမ်းကျွမ်းကျင်ကျင် ကစားနေသူဖြစ်တယ်။
ဘရိုက်တန်ရဲ့ အပြောင်းအရွှေ့ပေါ်လစီ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။