အတင်းမာဆုံး El Clasico

အတင်းမာဆုံး El Clasico
Photos: Getty Images
Photos: Getty Images
Published 18 March 2023
Wai Yan Aung

El Clasico နဲ့ ပတ်သက်ရင် ရီးယဲလ်နည်းပြ အန်ဆယ်လော့တီ ညည်းတွားဖူးတာ တစ်ခုရှိပါတယ်။  နူးကမ့်မှာ ဘာစီလိုနာအသင်းကို အနိုင်ရဖို့ခက်တဲ့အကြောင်းပါ။ အန်ဆယ်လော့တီက ရီးယဲလ်အသင်းကို ဒုတိယအကြိမ် တာဝန်ယူနေတဲ့သူပါ။ ဒါကြောင့် သူ့မှာ El Clasico မှတ်တမ်းက နှစ်ပိုင်းရှိနေပါတယ်။ အန်ဆယ်လော့တီက ၂၀၁၃ နွေရာသီမှာ ရီးယဲလ်အသင်းကို ပထမအကြိမ် ကိုင်တွယ်ခွင့်ရခဲ့ပါတယ်။ စာချုပ်သက်တမ်းက (၃)နှစ် ဖြစ်ပေမဲ့ နှစ်ရာသီကိုင်တွယ်အပြီးမှာပဲ လမ်းခွဲခဲ့ရပါတယ်။ ပထမရာသီမှာ ချန်ပီယံလိဂ်ဖလားနဲ့ စပိန်ဘုရင့်ဖလား ရယူပေးနိုင်ခဲ့ပေမဲ့ ဒုတိယရာသီမှာ ဖလားလက်မဲ့ဖြစ်ခဲ့တာကြောင့် အပြောင်းအလဲရဲ့ သားကောင်ဖြစ်ခဲ့ရတာပါ။ အဲဒီပထမအကြိမ်ကိုင်တွယ်ချိန်မှာ El Clasico (၅)ပွဲ ယှဉ်ပြိုင်ခဲ့ရပါတယ်။ (၂)ပွဲနိုင်ပြီး (၃)ပွဲရှုံးခဲ့ပါတယ်။ လာလီဂါ တစ်ပွဲနဲ့ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲတစ်ပွဲ အနိုင်ရခဲ့တာပါ။ ဒါကြောင့် ရီးယဲလ်အသင်းကို ဒုတိယအကြိမ်ရောက်ရှိပြီး El Clasico ပွဲ ဆင်နွှဲရခါနီးမှာ အန်ဆယ်လော့တီက နူးကမ့်ကွင်းမှာ ဘာစီလိုနာအသင်းကို မနိုင်ဖူးသေးတဲ့အကြောင်း မှတ်မှတ်ရရ ပြောကြားခဲ့ပါတယ်။

 

Most Read

Most Recent