ဝရန်တာလေးမှာ၊ နေပယ်မြို့က ဝရန်တာလေးတစ်ခုမှာ အလင်းပွင့်တွေ ချိတ်ဆွဲထားသလို၊ ဒယ်လက်တာလီယော့တာရဲ့အဆင်းဟာ လင်းချင်းနေတယ်။ သူက ဝရန်တာလေးမှာ ခပ်နွဲ့နွဲ့လေး ရပ်နေတာပါ။ သူဟာ မြင်ရသူ ရမ္မက်ပြင်းပြင်းဖြစ်အောင် အဖော်အချွတ်တွေ မဆင်မြန်းထားဘူး။ တကယ်ပါ ရိုးရိုးလေးပါပဲ၊ အဖြူရောင် တီရှပ်လေးရယ်၊ ဂျင်းန်ပင်အပြာရောင်လေးရယ်ပဲ ဆင်မြန်းထားတာ မြင်ရ သူအပေါင်း ရင်ထဲအေးမြလို့ နေလိမ့်မယ်။ ဝရန်တာလေးမှာ ဓာတ်ပုံရိုက်နေတုန်း လေနုအေးတွေဟာ ဒယ်လက်တာရဲ့ ဆံနွယ်ကြားကနေ စမ်းရေလိုရစ်ခွေစီးဆင်းနေခဲ့ပေါ့။ ဝရန်တာလေးမှာ အိစက်နေတဲ့အလှကို သရုပ်ဖော်ပြီးနောက် ဒယ်လက်တာဟာ ယုံကြည်ရာအိပ်မက်ထဲ လမ်းလျှောက်ထွက်ခဲ့ပါတယ်။ ဒယ်လက်တာ ယုံကြည်တာ အားကစားဂျာနယ်လစ်ဘဝ၊ ဒယ်လက်တာ ပျော်မွေ့တာ ဘောလုံးပွဲတွေကြား၊ အခု သူက DAZN မှာ စီးရီးအေပွဲတွေအတွက် အစီအစဉ်တင်ဆက်သူ လုပ်နေပါတယ်။ တချို့ကလည်း သူ့ရဲ့ အလှကြောင့် ခပ်လွယ်လွယ် ကျော်ကြားရတယ်လို့ မြင်ကြတယ်။
■ နေပယ်မြို့ရဲ့ ဝရန်တာလေးမှာ (Life)
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။