ဘယ်လ်ဂျီယံတောင်ပံကစားသမား အီဒင်ဟာဇက်က ပြင်သစ်နည်းပြ ဇီဒန်းလက်ထက်မှာ ရီးယဲလ်မက်ဒရစ်ကို ရောက်လာခဲ့ပြီး ဘာနေဗျူးကို စရောက်ကတည်းက ဒဏ်ရာပြဿနာတွေနဲ့ လုံးပန်းခဲ့ရသူပါ။ ဟာဇက်က အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီလက်ထက်မှာတော့ တစ်စထက်တစ်စ ပွဲထွက်ခွင့်ပျောက်ဆုံးလာခဲ့ပြီး ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ပွဲကစားချိန် (၉၈)မိနစ်သာ ရှိခဲ့ပါတယ်။ ကစားခွင့်ရနိုင်တဲ့ပမာဏရဲ့ (၄.၅) ရာခိုင်နှုန်းသာ ကစားခဲ့ရတာပါ။ ဘယ်လ်ဂျီယံရုပ်သံတစ်ခုဖြစ်တဲ့ RTBF နဲ့ တွေ့ဆုံရာမှာ ဟာဇက်က လက်ရှိအခြေအနေ၊ အန်ဆယ်လော့တီနဲ့ ဆက်ဆံရေးတွေအကြောင်း အခုလိုပဲ ဖြေကြားခဲ့ပါတယ် . . .
"ကျွန်တော်နဲ့ အန်ဆယ်လော့တီကြားမှာ လေးစားမှုရှိပေမဲ့ စကားတော့ သိပ်မပြောဖြစ်ဘူး"
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။