ဘာနေဗျူးမှာ Comeback တစ်ခုကို ယာဂန်ကလော့ပ် ထုဆစ်နိုင်မလား

ဘာနေဗျူးမှာ Comeback တစ်ခုကို ယာဂန်ကလော့ပ် ထုဆစ်နိုင်မလား
Photos: AFP
Photos: AFP
Published 15 March 2023
Wai Yan Aung

ဒီရာသီမှာ လီဗာပူးလ်အသင်းက ပြီးခဲ့တဲ့ရာသီနဲ့ ဆန့်ကျင်ဘက်လိုမျိုး ပျက်ယွင်းခဲ့ပါတယ်။ ပြည်တွင်းဖလားပြိုင်ပွဲနှစ်ခုက ထွက်ခဲ့ရပြီး ပရီးမီးယားလိဂ်မှာလည်း အဆင့်(၅)နေရာ ရောက်ရှိနေပါတယ်။ ချန်ပီယံလိဂ်မှာ အုပ်စု ဒုတိယနေရာသာရရှိလို့ (၁၆)သင်းအဆင့်မှာ ရီးယဲလ်အသင်းနဲ့ သွားတွေ့ခဲ့ပါတယ်။ ပထမအကျော့မှာ (၂-၅)ဂိုးနဲ့ ရှုံးနိမ့်ပြီး မျှော်လင့်ချက်ယဲ့ယဲ့သာ ကျန်ရှိပါတော့တယ်။ ချန်ပီယံလိဂ်မှာ အစဉ်အလာကြီးမားတဲ့ ရီးယဲလ်လိုအသင်းနဲ့ ဆုံတွေ့ချိန်မှာ ဂိုးပြတ်ရှုံးပွဲလည်း ကြုံတွေ့ထားခဲ့ပြီဖြစ်တာကြောင့် မျှော်လင့်ချက်က တကယ့်ကို ယဲ့ယဲ့လေးသာ ကျန်ရှိတော့တာပါ။ ဒါပေမဲ့ ပထမအကျော့(၃) ဂိုးအရှုံးကနေ ပြန်လာနိုင်ခဲ့ဖူးတဲ့ အသင်းတစ်သင်း ဖြစ်သလို၊ တစ်ခါက အစ္စတန်ဘူလ်ဗိုလ်လုပွဲမှာ (၃)ဂိုးရှုံးနေပြီးမှ အနိုင်ပြန်ယူပြခဲ့တဲ့ အံ့ဖွယ်မှတ် တမ်းရှိထားတာကြောင့် လီဗာပူးလ်ပရိသတ်တချို့ ကတော့ မရဲတရဲမျှော်လင့်နေဆဲပါပဲ။ ချန်ပီယံလိဂ် ရဲ့ အံ့အားသင့်စရာတွေ ပြန်လည်တူးဆွတဲ့အခါ တိုင်းမှာ ၂၀၀၄-၀၅ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲက လည်း ထိပ်ဆုံးက ပါဝင်လေ့ရှိပါတယ်။ အေစီမီလန် အသင်းက လီဗာပူးလ်အသင်းကို ပထမပိုင်းမှာ (၃-၀)ဂိုးနဲ့ ပြတ်ပြတ်သားသားဦးဆောင်ထားခဲ့တာ ကြောင့် ပွဲပြီးပြီလို့ သတ်မှတ်ပြီး ဆက်မကြည့်တော့ သူတွေတောင် ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာ လီဗာပူးလ်က ချေပဂိုး(၃)ဂိုး ပြန်သွင်းခဲ့ပြီး ပယ် နယ်တီအဆုံးအဖြတ်နဲ့ ချန်ပီယံလိဂ်ဖလားကို ကိုင် မြှောက်နိုင်ခဲ့ပါတယ်။ ဒီတော့ နောက်တစ်ကြိမ် အစ္စတန်ဘူလ်ဗိုလ်လုပွဲ ဆင်နွှဲခွင့်ရဖို့ ဘာနေဗျူး ကွင်းမှာ မယုံနိုင်စရာတွေ လုပ်ပြနိုင်ဦးမလား။

 

Most Read

Most Recent