မန်စီးတီးအသင်းရဲ့ အင်္ဂလန်လက်ရွေးစင်တိုက်စစ်ကစားသမား ဂရီးလစ်ရှ်ဟာ Puma ကုမ္ပဏီနဲ့ တစ်နှစ်ပေါင် (၁၀)သန်းတန် ဘောလုံးကန်ဖိနပ် စပွန်ဆာစာချုပ် ချုပ်ဆိုလိုက်ပြီး ဗြိတိန်ဘောလုံးသမားတွေထဲမှာ တန်ဖိုးအကြီးဆုံး ဖိနပ်စပွန်ဆာပိုင်ဆိုင်သူဖြစ်လာခဲ့ပါတယ်။ အသက် (၂၇ နှစ်)အရွယ် ဂရီးလစ်ရှ်ဟာ ဆယ်ကျော်သက်အရွယ်ကတည်းက လက်တွဲလာခဲ့တဲ့ Nike ကုမ္ပဏီနဲ့လမ်းခွဲပြီး Puma နဲ့ ပြောင်းလဲလက်တွဲခဲ့တာပါ။ Puma နဲ့ စာချုပ်ချုပ်ဆိုပြီးနောက် ဂရီးလစ်ရှ်ဟာ နေမာ၊ ဒီပိုင်း၊ ဂရီးဇ်မန်းတို့နဲ့အတူ ဘောလုံးလောကရဲ့ တန်ဖိုးအကြီးဆုံး ဖိနပ်စပွန်ဆာ ပိုင်ဆိုင်သူတွေထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။ ဂရီးလစ်ရှ်ရဲ့ ခံစားချက်တွေကို စူးစမ်းကြည့်ရာမှာတော့ . . .
"ပျော်ရွှင်စွာ နေနိုင်ဖို့၊ ဘောလုံးကစားနိုင်ဖို့က ကျွန်တော့်ရဲ့ ဘဝရည်မှန်းချက်ပါ"
Photo : Getty Images