ဘင်ဖီကာ အကယ်ဒမီထွက်ကစားသမားဖြစ်တဲ့ ဟယ်မို့စ်ဟာ အခုရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး (၂၃)ဂိုးသွင်းထားတယ်။ ချန်ပီယံလိဂ်မှာ (၇)ဂိုးသွင်းထားတယ်။ ဘင်ဖီကာအသင်းအတွက် သွင်းဂိုးတွေကို ဟယ်မို့စ်က ပခုံးထမ်းတာဝန်ယူထားတယ်။ ဒါ ကြောင့်လည်း ဥရောပဘောလုံးအသိုင်းအဝန်းမှာ ဟယ်မို့စ်အနေနဲ့ ဘယ်လောက်အထိ ပေါက်မြောက်နိုင်ဦးမလဲဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းလာတယ်။ အပြောင်းအရွှေ့သတင်းကိုကြည့်ရင် ပြီးခဲ့တဲ့ ဇန်နဝါရီကတည်းက ဥရောပအသင်းတွေရဲ့ စိတ်ဝင်စားခြင်းကို ဟယ်မို့စ် ခံခဲ့ရတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ အပြောင်းရွှေ့ဖြစ်မလာခဲ့ဘူး။ ဘင်ဖီကာအသင်းက ဟယ်မို့စ်ကို လက်လွှတ်ဖို့ ဆန္ဒမရှိသေးဘူး။ သူတို့က ဟယ်မို့စ်အတွက် ယူရို သန်း(၁၂၀)လောက် အလိုရှိနေတယ်လို့ ဥရောပဘောလုံးသတင်းစာမျက်နှာတွေမှာ ဖော်ပြခဲ့ကြတယ်။ လက်ရှိအချိန်မှာလည်း ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ်ယူနိုက်တက်တို့က ဟယ်မို့စ်ကို အပြိုင်ပစ်မှတ်ထားနေကြတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြတယ်။
ဘင်ဖီကာတို့ရဲ့ အားထားရာ ဂိုးသွင်းစက်ဖြစ်လာတဲ့ ဂွန်ကာလိုဟယ်မို့စ်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။