အတွေးမမှား၊ အရွေးမမှားသင့်တဲ့ အာဆင်နယ်

အတွေးမမှား၊ အရွေးမမှားသင့်တဲ့ အာဆင်နယ်
Photos: AFP
Photos: AFP
Published 11 March 2023
Chan Myae

ဒီရာသီမှာသာ ပရီးမီးယားလိဂ်ဖလားကို သိမ်းပိုက်လိုက်နိုင်မယ်ဆိုရင်တော့ လာမယ့်ရာသီမှာ ယုံကြည်မှု ပိုမြင့်မားတဲ့အသင်းတစ်သင်းကို မြင်ရမယ်။ လူငယ်ကြယ်ပွင့်တွေရဲ့ အရှိန်အဝါ၊ ခြေစွမ်း ပိုမိုတိုးတက်လာမယ့် အခြေအနေမျိုးနဲ့ အမှတ်ပေးဖလားကို ဆက်ပြီးမျှော်လင့်လို့ရမယ့် ဖလားဖြစ်လာမယ်။  အရင်ကလည်း အာဆင်နယ်က ယူရိုပါလိဂ်နဲ့ ပရီးမီးယားလိဂ်ကြား ဗျာများဖူးတဲ့ အတွေ့အကြုံတွေရှိပါတယ်။ ဒါပေမဲ့ စဉ်းစားကြည့်တော့ အဲ့ဒီအချိန်တုန်းက အာဆင်နယ်က ပရီးမီးယားလိဂ်ကို ကြည့်လိုက်ရင် အမှတ်ပေးချန်ပီယံ မဆိုထားနဲ့ ထိပ်ဆုံး (၄)သင်း မျှော်လင့်ချက်တောင် မရှိတော့တာ တော်တော်များတယ်။ ဒီတော့ ယူရိုပါလိဂ်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လမ်းကြောင်းတစ်ခုအနေနဲ့ ပစ်ပယ်လို့မရဘူး။ အခုက အာဆင်နယ်အတွက် ယူရိုပါလိဂ်ဟာ ဖလားတစ်ခုပဲ မက်စရာရှိပြီး ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာဆိုတာကလည်း ဒီဘက်မှာ သေချာပြီးနေပြီ။ အာဆင်နယ် အတွေးမမှားဖို့ လိုတယ်။ အရွေးမမှားဖို့လိုတယ်။ ပြိုင်ပွဲနှစ်ခုကို ဟန်ချက်ညီလျှောက်နေဖို့ ရွေးမယ့်အစား ယူရိုပါလိဂ်မှာ အသင်းရဲ့အဓိကကစားသမားတွေကို အနားပေးပြီး ကစားတာမျိုးပဲ လုပ်သင့်တယ်လို့ ထင်တယ်။ 

 

Most Read

Most Recent