ဘာစီလိုနာနည်းပြအလုပ်မှာ အလွန်ခက်ခဲကြောင်း ဇာဗီ ဝန်ခံ

ဘာစီလိုနာနည်းပြအလုပ်မှာ အလွန်ခက်ခဲကြောင်း ဇာဗီ ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 9 March 2023

ဘာစီလိုနာအသင်း၏နည်းပြအလုပ်မှာ အလွန်ခက်ခဲကြောင်း အသင်းနည်းပြဖြစ်သူ ဇာဗီက ဝန်ခံပြောကြားခဲ့သည်။

ဇာဗီသည် ၂၀၂၁ နိုဝင်ဘာတွင် ဘာစီလိုနာအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ပထမဆုံးရာသီတွင် ရလဒ်ဆိုးရွားမှုများကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ထို့ကြောင့် ဇာဗီက ဘာစီလိုနာနည်းပြအလုပ်မှာ မိမိအတွက် အလွန်ခက်ခဲကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဇာဗီက "လူတိုင်းက ဝိုင်းပြောနေကြတော့ ကျွန်တော့်အနေနဲ့ တစ်ခါတလေ ငါဘာစီလိုနာအသင်းနည်းပြ ဖြစ်ထိုက်ရဲ့လားလို့တောင် အတွေးဝင်မိပါတယ်။ ဒါပေမဲ့ ကျွန်တော်က ဘာစီလိုနာအသင်းရဲ့အမာခံပရိသတ်ဖြစ်တာကြောင့် အသင်းနည်းပြရာထူးကနေ ထွက်ခွာသွားဖို့ တစ်ခါမှတောင် မတွေးခဲ့ပါဘူး" ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဇာဗီက မိမိအနေဖြင့် ငွေကြေးအတွက် နည်းပြအလုပ်ကို လုပ်ကိုင်နေခြင်းမဟုတ်ဘဲ ဘောလုံးကို ချစ်မြတ်နိုးသည့်အတွက် နည်းပြအလုပ်ကို လုပ်ကိုင်နေခြင်း ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

Most Read

Most Recent