အယ်လ်ခမာအသင်းကို ရှုံးနိမ့်ခဲ့ခြင်းအတွက် အသင်းကစားသမားများ၏ စိတ်နေစိတ်ထားကို လာဇီယိုနည်းပြ ဆာရီ ဝေဖန်ပြစ်တင်

အယ်လ်ခမာအသင်းကို ရှုံးနိမ့်ခဲ့ခြင်းအတွက် အသင်းကစားသမားများ၏ စိတ်နေစိတ်ထားကို လာဇီယိုနည်းပြ ဆာရီ ဝေဖန်ပြစ်တင်
Photo: Getty Images
Photo: Getty Images
Published 9 March 2023

နာပိုလီနည်းပြ ဆာရီက နယ်သာလန်ကလပ် အယ်လ်ခမာအသင်းကို ရှုံးနိမ့်ခဲ့ခြင်းအတွက် အသင်းကစားသမား၏ စိတ်နေစိတ်ထားကို ဝေဖန်ပြစ်တင်ခဲ့သည်။

မတ်လ (၇)ရက်က ကစားခဲ့သည့် ကွန်းဖရန့်လိဂ်ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်တွင် လာဇီယိုအသင်းသည် အိမ်ကွင်းတွင် ကစားခဲ့ရသော်လည်း အယ်လ်ခမာအသင်းကို (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။

လာဇီယိုအသင်းသည် အဆိုပါပွဲစဉ်၌ ပွဲချိန် (၁၈) မိနစ်တွင် ပတ်ဒရို၏သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပထမပိုင်းပြီးခါနီးနှင့် ဒုတိယပိုင်းတွင် အယ်လ်ခမာအသင်းကို ချေပဂိုးနှင့် အနိုင်ဂိုးများပြန်ပေးခဲ့ရကာ ပွဲအပြီးတွင် (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ယင်းရှုံးပွဲအတွက် လာဇီယိုနည်းပြ ဆာရီက အသင်းကစားသမားများ၏ စိတ်နေစိတ်ထားကို ဝေဖန်ပြစ်တင်ခဲ့ခြင်းဖြစ် သည်။

ဆာရီက "ကျွန်တော်တို့အသင်းရဲ့ စိတ်နေစိတ်ထားပိုင်းက မှားယွင်းနေပါတယ်။ ပွဲအစပိုင်းမှာ အကောင်းဆုံးကစားနိုင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ နောက်မှာပဲ ဘောလုံးပေးကစားနေတာ များပါတယ်။ ကျွန်တော်တို့အနေနဲ့ ဂိုးတွေ ထပ်ရဖို့ တိုက်စစ်ဖွင့်ကစား ရမှာဖြစ်ပေမဲ့ နောက်တန်းနဲ့ ဂိုးသမားကို ဘောလုံးပြန်ပေးရင်း အချိန်ကုန်နေခဲ့တာ များပါတယ်။ အခွင့်အရေးတွေအများကြီး ဖန်တီးနိုင်ခဲ့ပြီး ကျွန်တော်တို့ (၄-၂)နဲ့ အနိုင်ရခဲ့သင့်ပေမဲ့ အခွင့်အရေးတွေကိုလည်း အသုံးမချနိုင်ခဲ့ပါဘူး။ ဒါက ပွဲအပေါ် အာရုံစူးစိုက်မှု နည်းလို့ဖြစ်တာပါ" ဟု ဆိုခဲ့သည်။

အဆိုပါပွဲစဉ်တွင် လာဇီယိုအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့သည့် ပတ်ဒရိုကလည်း မိမိတို့အသင်းအနေဖြင့် အယ်လ်ခမာအသင်းကို အနိုင်ရလောက်အောင် မကောင်းခဲ့ကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့သည်။

Most Read

Most Recent